EP54(U+Z)

2.1K 218 1
                                    

EP54 မင်းဆံပင်တွေဖြူနေပြီ

.ရှန်ကျွီအား တိုက်သွားသည့် ကားမှ
ကားမောင်းသူသည် ပေကျင်းရှိ နာမည်ကြီးဇိမ်ခံကား ကလပ်၏ vip လူတန်းစားဖြစ်သည်။စုံစမ်းပြောဆိုနေချက်များအရ စစ်ဖက်ဆိုင်ရာ အရာရှိ ကြီးကြီးပိုင်းတစ်ဦး၏တူ
ဟု သိရသည်။ရွှေဇွန်းကိုက်ကာ မွေးဖွားလာသည့် အဆင့်အတန်းရှိသည့်ကောင်လေးသည်အရက်သောက်ပြီး Yanxi Villaသို့ သွားကာသူ့ အငယ်အနှောင်းဆီ လာတွေ့ခြင်းဖြစ်သည်။သို့သော် သူအရှိန်ဖြင့်လက်လွတ် စပယ်မောင်းလာခြင်းသည် လူတစ်ဦးအား သေဆုံးစေခဲ့သည်။ထိုကဲ့သို့ ဥပဒေချိုးဖောက်မှုများကို အရပ်သားများဆိုပါက ဘယ်လို အရေးယူဆက်ဆံကြမည်နည်း။ထိုကောင်လေးကတော့မူ သူ့ပြသနာအားအထက်လူကြီးများထံ တိုးတိုးတိတ်တိတ်ဖြင့် ဖြေရှင်းလိုက်ရင်း ယာဥ်မတော်ဆမှုဟုဆိုကာ အမှုပိတ်လိုက်ခြင်းဖြင့်မည်သူမှမသိလိုက်ရသည့်အပြင်ဂယက်တောင်မထပဲ ပြီးဆုံးသွားခဲ့ရလေသည်။

ထိုကိစ္စများဖြစ်ပြီးနောက် နှစ်ရက်ကြာပြီးမှ ကျန်းဝမ်ရွှီသည် ရှန်ကျွီဆုံးပါးသွားသည်ကို သိခဲ့ရသည်။သတင်းစာထဲတွင် ရှန်ကျွီသတင်းအားတွေ့လိုက်ရချိန်၌ များစွာ
ထိတ်လန့်သွားလျက်အရာရာ တိုင်းကို
ခဏမျှ ဆိုင်းငံ့သွားသလိုခံစားလိုက်ရသည်။
သူရှန်ကျွီအပေါ် နှစ်နှစ်ကာကာ မချစ်ခဲ့သော်လည်း ထို ကောင်လေးသည်သူ့အတွက်
စိတ်ဖျော်ဖြေပေးသည့်အိမ်မွေး တိရိစ္ဆာန်လေးကဲ့သို့ ရှိခဲ့သည်။သို့သော် ထိုသတင်းသည် သူ့အတွက် တော့ တကယ်ကြီးတုန်လှုပ်စရာလည်း ဖြစ်ခဲ့ရသည်။

ကျန်းဝမ်ရွှီငွေအမြောက်အမြားရရှိခဲ့
သည့်အခါအတိုင်း သွေးရိုးသားရိုး ပုံမှန်အတိုင်း ဆိုပါက ခက်ခဲသည်မို့ဆိုင်ရာပိုင်ရာများနှင့်ပူးပေါင်းရခြင်းကထုံးစံဖြစ်ပြီး သွေးရိုးသားရိုးဆိုသည်က လိမ်ဆင်တစ်ခုဟုလည်း ပြောလို့ ရပေသည်။ရှန်ကျွီ၏သေဆုံးမှုသည် သူ့အတွက်တော့ စိတ်ထိခိုက်စရာတစ်ခု ဖြစ်ခဲ့သည်။သူ့နှလုံးသားထဲတွင်
ရှပ်ထွေးနေလျက်စိတ်အခြေအနေကောင်းမနသည်ကတော့ အသေအချာပင်ဖြစ်သည်။
သူရှန်ကျွီကိုချန်ထားခဲ့သော်လည်းထိုသို့
ရုတ်တရက် သေဆုံးသွားခဲ့မည်ဟုဘယ်သောအခါမှမျှော်လင့်မထားခဲ့ရသည်မို့
ရုတ်တရက်တွေးမိလာသည်ကလူ့ဘဝကြီးအားမည် သူကမှ အစိုးမရ ကြောင်းပင်ဖြစ်လေသည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now