EP86(U+Z)

7.4K 310 21
                                    

EP86 ကျန်းဝမ်ရွှီရဲ့ ပေးစာလေး


ချစ်ရတဲ့ ကျစ်ရှုရေ ....

မင်းရဲ့ ကိုယ်ပိုင်နေရာလေးမှာ
အဆင်ပြေရဲ့လား ။ကိုယ့်ကိုယ်ကိုဂရုစိုက်ပါနော်။ကိုယ်မင်းကိုအများကြီး လွမ်းလှပြီ။

ကိုယ်ကတော့ အဆင်ပြေပါတယ်။
စကားမစပ် ကိုယ်လေ ဆေးဝါးကုသမှုတွေခံယူခဲ့တယ်။ကျန်းဝမ်က ကိုယ့်ကို ပြောတယ်။မင်းပြန်လာတဲ့အခါ ကိုယ်က လမ်းလျှောက်နေတဲ့ လူသေကြီးလို .....
မင်းမြင်ချင်မှာ မဟုတ်ဘူးတဲ့။

ကိုယ်လေ အသက်ရှုသွင်းလိုက်တဲ့ အခါတိုင်းကိုယ့်ရဲ့ အသည်းနှလုံးနဲ့ အဆုတ်တွေ ပေါက်ကွဲထွက်မတတ် နာကျင်နေရတဲ့အထိ
မင်းကိုလွမ်းနေရရုံလေးပါဘဲကွာ။ဘယ်လိုဘဲ ဖြစ်ဖြစ် မင်းက ကိုယ်တို့ရဲ့ အိမ်လေးဆီကို ပြန်လာတော့မှာမှ မဟုတ်ဘဲလေ။
ကိုယ့်နေ့ရက်တွေကို ဒီလိုဘဲ နေ့စဥ်နဲ့ အမျှ ရှင်သန်နေရတာပေါ့။တကယ်လို့ မင်းပြန်မလာတော့ဘူးလို့ ဆုံးဖြတ်ခဲ့ရင်လဲ အဆင်ပြေပါတယ်လေ။မင်းက ကိုယ့်ကို တချိန်လုံး
စောင့်နေခဲ့ရတာဘဲလေ ...အခုကတော့
ကိုယ်က မင်းကို ပြန်စောင့်ရမယ့်အလှည့်ပေါ့။

ကျစ်ရှု ...ဘာကြောင့် မင်းအကြောင်းတွေ အိပ်မက်မမက်တော့တာလဲဆိုတာကို ကိုယ်
မသိဘူး။နေ့အခါ မှာလည်း မင်းကို အရမ်းသတိရမိတယ်...ညဖက်ကျတော့လည်း မင်းက ကိုယ့်အိပ်မက်တွေထဲမှာ ရှိမနေတော့ပြန်ဘူး။အဲဒါကလေ ...မင်းကိုယ့်ကို ထပ်မတွေ့ချင်တော့လို့များလား .....။ကိုယ် အတိတ်က အကြောင်းတွေ ပြန်တွေးမိပြန်တော့ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းအပေါ် ကိုယ်ရက်စက် ခဲ့တာတွေ အများကြီးတွေ့ရတယ်။
အရာရာတိုင်း အတွက် ...မင်းအပေါ် ကိုယ်လုံးဝ တရားမျှတမှု မရှိခဲ့ဘူး။အရင်တုန်းက မင်းအပေါ် ကိုယ့်ဖက်က ကောင်းကောင်းမဆက်ဆံခဲ့မိလို့ ကိုယ့်ကိုယ်ကို မုန်းမိသလို
ကိုယ်လေ တချိန်လုံးလည်း နောင်တတွေ
ရနေခဲ့ရတယ်။ကိုယ် မင်းကိုလေ တစ်ကြိမ်လောက်လေးတောင် အလိုမလိုက်မိခဲ့လို့
ကိုယ့်ကိုယ်ကို အပြစ်တွေ တင်နေမိတယ်။
ပြီးတော့ လေ ကျစ်ရှု ....ကိုယ်တောင်းပန်ပါတယ်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now