EP8(U+Z)

2.8K 407 13
                                    

ကျန်းဝမ်ရွှီသည် ဟယ်ကျစ်ရှုအား ရိုက်မိသည့်အတွက် သူ့ကိုယ်သူနောင်တများစွာရလျက်ရှိနေခဲ့သည်။ဤ နှစ်များအတွင်းသူသည် ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့ပြီး သူ့ဘေးရှိ လူအများသည် သူ့အားအမြဲမြှောက်ပင့်ဖားယားနေခဲ့ကြသည်။

တဖြေးဖြေးနှင့် သူသည် ကိုယ့်အကျိုးကိုသာ
ကိုယ်ကြည့်တတ်လာပြီး အတ္တဆန်လာလျက်
တခြားသောသူများ၏ စိတ်ခံစားမှုများ
ဒေါသများကို နားလည်ပေးခြင်းလဲရှိမနေတော့ဘဲဖြစ်လာခဲ့လေသည်။

ဒါပေမယ့် မည်သို့ပင်ဖြစ်ပါစေ ဟယ်ကျစ်ရှုကိုတော့ဘယ်တော့မှ နာကျင်စေလိုသည့် ဆန္ဒမရှိခဲ့ပါချေ။သို့သော် ယခုမူ ဟယ်ကျစ်ရှုအား သူရိုက်မိခဲ့လေပြီ ဖြစ်သည်။

!မင်းဘာမဟုတ်တဲ့ အပြင်လူ
တစ်ယောက်အတွက်နဲ့ ငါနဲ့ ရန်မဖြစ်ပါနဲ့ ။!

ကျန်းဝမ်ရွီသည် အပြစ်ရှိသလို ခံစားနေရသော်လည်းချက်ခြင်းပင် သူ့ဖက်က မှန်ကန်သည့်အနေအထားဖြင့်သူ၏ အပြစ်များအား ဖုံးကွယ်လျက်ဆက်၍ ပြောလာလေသည်။

"ပြီးတော့ မင်းသူငယ်ချင်း ဆိုတဲ့ကောင်
က လူကောင်းတစ်ယောက် မဖြစ်နိုင်ဘူး
မင်း သူနဲ့ ဝေးဝေးနေ''

ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွီအား
ဘေးသို့တွန်းဖယ်ကာမတ်တပ်ရပ်လိုက်သည်။အနည်းငယ်နာကျင်နေပြီး နီရဲနေလိမ့်မည့်ကျန်းဝမ်ရွှီရိုက်ခဲ့သည့် သူ၏ ပါးတစ်ဖက်အားလက်ဖြင့်ထိကိုင်ရင်း နာကျင်စွာပြုံးပြလျက်စကားစပြောလိုက်သည်။

!မင်းလဲ လူကောင်း တစ်ယောက် မဟုတ်ပါဘူး ။ငါကလေ မင်းကို အမြဲတမ်း ငါ့ဘဝရဲ့ ပထမဆုံးနေရာမှာထားခဲ့တယ်။ ဘဝအစက ဘယ်လောက်ဘဲအခက်အခဲတွေရှိရှိ တစ်သက်တာလုံး မင်းနဲ့ အမြဲ အတူနေထိုင်ရမှာဘဲလို့ငါထင်ခဲ့မိတယ်။ ငါမျှော်လင့်ခဲ့မိတယ် ။ပထမဆုံး (၇)နှစ် အဲ(၇)နှစ် မှာငါမင်းအပေါ်အ​မြဲသည်းခံခဲ့တယ် ။ မင်းအကျင့် တွေ ပြင်လာမှာကိုငါစောင့်ရင်း အဲ (၇) နှစ် ​
ကနေ (၁၀)နှစ် ထိ မင်းဘေးမှာနေပြီး လိုအပ်တာတွေ အမြဲဖြည့်ဆည်းပေးခဲ့တယ် ။
ငါတို့အတူ နေလာခဲ့တာ အခုဆို (၁၀)နှစ်ကျော်ခဲ့ပြီ.ဒါပေမယ့် အခုတော့ ငါတို့နှစ်ယောက်လုံး ပြောင်းလဲ သွားကြပြီ။
လူတစ်ယောက် ပြောင်းလဲသွားတယ်ဆိုတာ
အကြောင်းပြချက်တွေ မလိုဘူး။
သူ့သဘော နဲ့သူ ပြောင်းလဲချင်လို့ကို
ပြောင်းလဲသွားတာ ။တစ်ဖက်လူက ပြောင်းလဲ နေပြီဆိုမှတော့ ကျန်တစ်ယောက်က ဆုံးဖြတ်ချက်တစ်ခုကိုပြတ်ပြတ်သားသား ချသင့်နေပြီ မဟုတ်ဘူးလား!

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Nơi câu chuyện tồn tại. Hãy khám phá bây giờ