EP49(U+Z)

2.5K 224 2
                                    

EP49ချစ်သောသူအတွက် Memory

အိုက်ကျိယွီ၏အကိုဖြစ်သူသည်
Tea shopတစ်ခုနှင့်အတူ လက်ဖက်ဥယျာဥ်ခြံများလည်း ပိုင်ဆိုင်သူဖြစ်လေသည်။
ထိုပတ်ဝန်းကျင်လေးသည် အလွန်ပင်
ဆိတ်ငြိမ်တိတ်ဆိတ်ပြီး နေလို့ထိုင်လို့ပင် ကောင်းလျက် အေးချမ်းလှသည်။
သူတို့ လက်ရှိနေထိုင်မည့်နေရာလေးသည်
Lingyin ဘုရားကျောင်းအနီးတွင်ရှိပြီး
မိနစ်20လောက်ရှေ့ဆက်သွားပါက ဝူလင်ဂိတ်သိူ့ရောက်ရှိပြီး ထိုမှတဆင့် ဟန်ကျိုးရှိ
အလွန်လှပသော အနောက်ဖက် ရေကန်
(West Lake)ကြီးဆီသိူ့ လည်းသွားလို့
ရလေသည်။

အားဂူးသည် တလမ်းလုံးကားပေါ်တွင်
အချိန်ကြာမြင့်စွာ ထိုင်လာရသောပြီး
အောက်သို့ဆင်းဆင်းချင်းတွင် ခြေလက်များ
ညောင်းပြေရန်နှင့် ရေအလွန်ကြိုက်သောကြောင့် ကားပေါ်မှ ဆင်းဆင်းခြင်းပင်
လက်ဖက်ခြံဘေးရှိ ရေကူးကန်ထဲသိူ့
ဆင်းချသွားခဲ့သည်။အိုက်ကျိယွီသည်
အားဂူးအားကြည့်ကာရယ်လိုက်မိသည်။

ဟန်ကျိုး၏ရာသီဥတုသည် အနည်းငယ်
ပူနွေးနေလျက်ရှိနေသည်။မနက်6နာရီပင်ရှိသေးသော်လည်း အပူချိန်က 10ဒီကရီလောက်ထိ ယခင်ထက် တိုးမြင့်လာခဲ့သည်။
ကျစ်ရှုကမူ အိပ်ပျော်နေဆဲ ရှိနေသည်။
မျက်အိတ်လေးများကအနည်းငယ်
ဖောင်းဖောင်းလေးဖြစ်နေလျက် မျက်တောင်ရှည်ခပ်စိတ်စိတ်လေးက မဟူရာရောင်
မျက်လုံးလေးများကို ဖုံးကွယ်ထားလျက်
ရှိနေသည်။ နှစ်ရှည်လများကောင်းစွာပင်
အိပ်မပျော်နိုင်ခဲ့သည့်အလား ငြိမ်သက်စွာ
အိပ်မောကျနေခဲ့လေသည်။

အိုက်ကျိယွီသည် ကျစ်ရှု၏ ခန္ဓာကိုယ်ပေါ်သို့ ငုံ့လျက် ဂရုတစိုက်ဖြင့် ပွေ့ယူလိုက်သည်။
အိုက်ကျိယွီသည် ပေါ့ပေါ့ပါးပါးပင်
ကျစ်ရှုအား ပွေ့ချီလိုက်သော်လည်း
ချက်ခြင်းပင် ကျစ်ရှုက နိုးလာခဲ့သည်။

"အရမ်းမလှုပ်နဲ့ "

သူ့အား မျက်လုံးဝိုင်း ကြီးများဖြင့်
မော့ကြည့်လာသောကျစ်ရှုအား
အိုက်ကျိယွီသည် မြဲမြဲ ပွေ့ချီထားရင်း
ရယ်မော ကာပြောလိုက်သည်။

"မင်း ပြုတ်ကျသွားမှာစိုးလို့"

အိုက်ကျိယွီနှင့် အရမ်းပင်နီးကပ်နေသောအနေအထားတစ်ခုကြောင့်ကျစ်ရှုရှက်ရွံစွာခံစားနေရလျက် ရှိနေသည်။ထို့ကြောင့်ပင် သူ့လက်မောင်းများအားအနည်းမျှ ရုန်းကြည့်ပါသော်လည်းအဆင်မပြေသောကြောင့်
ကျိယွီအားပြောလိုက်သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now