EP28(U+Z)

2.2K 261 6
                                    

.. .EP28လွဲချော်နေခဲ့ခြင်းများ

ဟယ်ကျစ်ရှုသည် ကောင်းကောင်းအိပ်မပျော်ခဲ့ပါချေ။သူသည် အစောကြီးနိုးထလာရင်းပင်ပန်းနွမ်းနယ်နေခဲ့လေသည်။
ရေချိုးမည်ဟုအားတင်းသော်လည်း
အဆင်မပြေနိုင်သည်ဖြစ်သောကြောင့်
ညဝတ်အကျီ ထလဲကာ အိပ်ရာပေါ်၌
ပြန်လှဲနေခဲ့လိုက်သည်။ ရာသီဥတုမှာအလွန်ပင်အေးနေသော်လည်း ကျန်းဝမ်ရွီ ၏ စောင်များဖြင့် သူ့အားအထပ်ထပ်ခြုံပေးထားသောကြောင့် ပင် သူနွေးထွေးနေခဲ့ရသည်။

တရုတ်ပြည်မြောက်ပိုင်းတွင်ဆောင်းရာသီတွင်း၌နေထွက်ခြင်းသည် ပုံမှန်အားဖြင့်
အလွန်ပင်နောက်ကျလေ့ရှိသည်။ကျန်းဝမ်ရွီ သည်အိပ်ပျော်နေစဉ်တွင်ပင်ကျစ်ရှု၏ လက်အား ဆုပ်ကိုင်ထားခဲ့သည်။ ဟယ်ကျစ်ရှုသည် နှုတ်ခမ်းတို့အား ဖိကိုက်လိုက်ရင်း
သူ့ယောကျ်ား၏ ခါးကို ညင်သာစွာ
ပွေ့ဖက်လိုက်သည်။ ဟယ်ကျစ်ရှုသည်
ကျန်းဝမ်ရွီ အားအလွန်ပင်ချစ်သောကြောင့်
ကျန်းဝမ်ရွီ အပေါ်ကြောက်ရွံ့မှုနှင့် ချစ်ခင်မှုမှာများစွာပင်အားပြိုင်နေလျက်
ရှိနေခဲ့လေသည်။ ကျန်းသည် ငယ်စဉ်ကပင်
ကျောက်ကပ်မကောင်းသော်လည်းသူ၏ ချစ်ခင်မှုသည် လျော့မသွားခဲ့ပေ။အချိန်များစွာကြာလာသည့်တိုင် ပါးစပ်ကမူတဖွဖွထုတ်၍ပင် မပြောတတ်ခဲ့သော်လည်း
ကျန်းဝမ်ရွီ အားချစ်သည်မှာ ပိုတိုးလာ
သောအလေ့အကျင့်တစ်ခုပင်ဖြစ်လာ
နေခဲ့လေရင်း။

သူတို့အိမ်ခေါင်ကျပြီး(7)နှစ်ကျော်ထိပင်
အတူရုန်းကန်ကာ ကြိုးစားလာကြရင်း
ကျန်းဝမ်ရွီ ၏ဘေးတွင်ဟယ်ကျစ်ရှုကဲ့သို့
အားပေးသူ ဖေးမသူဟူ၍ မည်သူမျှရှိမနေခဲ့ပေ။နောက်ထပ်၃နှစ်တာမျှ သည် လုပ်ငန်းများအောင်မြင်လာခဲ့သော်လည်းထိုချိန်ထိပင် သူ၏အပြင်ကိစ္စများသည်အလုပ်သာဖြစ်ပြီး ကျစ်ရှုကိုသာချစ်ခြင်းဖြင့်ကုန်လွန်ရင်း ကျစ်ရှုကလည်ယ ထိုအချိန်က
အပြင်တွင်အလုပ်လုပ်နေဆဲအချိန်ပင်
ဖြစ်ခဲ့သည်။ထိုချိန်က ကျစ်ရှုသည် နူးညံ့သည်.ရဲရင့်သည်ချောမောပြီး လူချစ်လူခင်များသည် သို့သော်သူကလည်း ကျန်းကိုသာချစ်၍ ကျန်းကလည်းသူတစ်ယောက်ကိုသာ
ချစ်နေဆဲဟုတော့ သူထင်မိခဲ့သည်

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now