EP48(U+Z)

2.4K 280 2
                                    

EP48 ကျစ်ရှုကိုအထင်မှားခဲ့မှုများ

ရုတ်တရက်ပင် ကျန်းဝမ်၏စိတ်ထဲ၌
ကျစ်ရှု၏စာကြည့်ခန်းထဲမှ ရောင်စုံဖန်ပုလင်းလေးများနှင်ပုလင်းထဲမှရောင်စုံဟု ထင်မှတ်ရသော ဆေးပြားများကအစီအရီ ပေါ်လာခဲ့လေသည်။ထိုအတွေးနှင့်အတူ အကြောင်းအရာများက ရုပ်ရှင်တစ်ခုလိုအစီအရီ ပေါ်လာခဲ့ရင်း ကျန်းဝမ်သည်
ချွေးများပင်ရွှဲနစ်လာခဲ့ရသည်။

"ဝမ်ရွှီ ငါခုချက်ခြင်း မင်းအိမ်ကိုလာပြီး
မင်းနဲ့တွေ့မှ ဖြစ်မယ် ၊မင်းလဲ ဘာကိစ္စဘဲရှိရှိ
ခုချက်ခြင်း အိမ်ကို အမြန်ဆုံးပြန်လာခဲ့"

ကျန်းဝမ်ရွှီသည် သူ့စိတ်ထဲတွင် အမျိုးအမည်မသိသော ရှုပ်ထွေးမှုများဖြင့် ရှိနေရင်း
ထူးဆန်းသော ခံစားချက်ကြီးတစ်ခုက
ရှိနေလျက် ကျစ်ရှု ၊ဆရာဝန် ၊
ကျန်းဝမ််၊ သွေးကင်ဆာဆရာဝန် ဟူသည်အားတစ်ခုချင်းစီတွေးနေခဲ့ရင်း ။
သူမတ်တပ်ရပ်လိုက်ချိန်တွင်အအေးတောထဲထိုင်နေခဲ့သည်မှာကြာပြီဖြစ်လျက်ခြေထောက်များကမူ မတ်တပ်ရပ်ရန်ပင်
အားတို့ကရှိမနေတော့၊သူ့ ခန္ဓာကိုယ်ရှိ ဆဲလ်များက အပြင်သို့ပေါက်ထွက်မတတ်ရှိနေရင်း
တွေ့ကြုံရမည့် အရာအတွက် မသိစိတ်ကပင် !မင်း အိမ်ကို ပြန်မသွားနဲ့!ဟုအော်ဟစ်နေလျက်။

ကျန်းဝမ်ရွှီအိမ်သိူ့ ပြန်ရောက်သောအခါ
ကျန်းဝမ်သည် သူ့ထက်အရင် ကြိုရောက်နေပြီးအိမ်အပြင်ဖက်တွင်စောင့်နေရင်း
ကျန်းဝမ်ကအိမ်ဝတ်ဆွယ်တာအပါးတစ်ထည်သာ ဝတ်ထားလျက် အလျင်စလို
ထွက်လာပုံလည်းရနေသည်။ထို့နောက်
သူအား စိုးရိမ်တကြီးကြည့်လာခဲ့သည်။

ကျန်းဝမ်ကမျက်မှောင်ကြုတ်လျက်
သူ့ကို ကြည့်ပြီး ပြောလာခဲ့သည်။

ကျန်းဝမ်ရွှီသည် အိမ်သော့ကိုထုတ်ပြီး
အခန်းတံခါးဖွင့်လိုက်ရင်းမေးလိုက်သည်။

"မင်းငါ့ကို ဘာပြောမလို့အိမ်ပြန်လာခိုင်း
တာလဲ? "

ကျန်းဝမ်သည် ကျန်းဝမ်ရွှီအား
တွန်းလိုက်ရင်းသူ့စကားအားလျစ်လျူရှုကာ
အိမ်ထဲသို့အရင်ဝင်လိုက်သည်။ဒုတိယအကြိမ် ထပ်မံ၍ပင်မစဥ်းစားတော့ဘဲ
သူကစာကြည့်ခန်းထဲသို့ ဝင်လာခဲ့လိုက်
ပြီး ဖန်ပုလင်းရောင်စုံများလည်း
ယခင်အတိုင်းပင် ယခင်နေရာတွင်ရှိနေ
သေးသည်ကိုတွေ့လိုက်ရသည်။
ကျစ်ရှုက ထိုပုလင်းများကို ထွက်သွားချိန်
တွင် တောင် ယူမသွားခဲ့ပုံပေါ်သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now