EP14(U+Z)

2.5K 343 2
                                    

..EP14 မင်းက

.နောက်ဆုံးတွင် သူသိလိုက်ရသည်ကား
ကျန်းဝမ်ရွှီသည် ငယ်ရွယ် သေးသည်။
ထို့ကြောင့်ပင် ယောကျ်ားသားအများစု ဖြစ်လေ့ရှိကြသောချမ်းသာလာသည့်ဒဏ်ကို မခံနိုင်သော သူတစ်ဦးကဲ့သို့အမှားများပြုလုပ်ခဲ့သည်။ ထိုယောကျ်ားများသည်သူတို့၏ စိတ်ထဲ၌ အိမ်တွင် သစ္စာရှိသည့်အိမ်ထောင်ဖက်ကိုရရှိထားစေကာမူ မရောင့်ရဲနိုင်ဘဲအပြင်ရှိ ရာဂကြီးသူများနှင့် တန်းတူထားကာစိတ်ကူးယဉ်လေ့ရှိကြသည်။ သို့သော် ကျန်းဝမ်ရွှီက
သူ၏ အိမ်ထောင်ဖက်သည် အမျိုးသားတစ်ယောက်ဖြစ်ပြီး ထိုလူသားသည် မည်မျှပင်နူးညံ့သိမ်မွေ့ကာ သည်းခံပြီး မြင့်မြတ်သော စိတ်ရှိစေကာမူ အလုပ်တစ်ခုလုပ်မည်ဆိုလျှင်လဲ မဆုတ်မနစ်လုပ်တတ်သူ ဖြစ်ပြီး
သူ့အနားမှာအနစ်နာခံကာ နှစ်ပေါင်းများစွာနေလာသည်ကို သူမေ့နေခဲ့လေသည်။ဟယ်ကျစ်ရှုသည်သူ့အား အမြဲတစေခွင့်လွှတ်ခဲ့ပြီး
ချစ်ခြင်းမေတ္တာများသာမက သူ့ပိုင်ဆိုင်မှုအားလူံးကိုလည်းပေးခဲ့သည်မှာ ကျန်းဝမ်ရွှီလိုချင်သည့်ဆိုသောအရာအားလုံးပင် စိုးစဉ်းမျှ မကျန်ခဲ့စေရ ပေးဆပ်ပေးခဲ့သည်။
သို့သော် သူတိူ့အတူနေခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုပင်ကြာခဲ့သော်လည်း ဟယ်ကျစ်ရှု၏ ခေါင်းမာသောအတွေးအခေါ်နှင့် ခံစားချက်တချို့ကိုမူ ယခုထိတိုင် ကျန်းဝမ်ရွှီက
နားလည်ဖိူ့လုံးဝပင်မကြိုးစားခဲ့ပေ ။

ဟယ်ကျစ်ရှုသည် အစားစားပြီးနောက်ပျို့အန်ချင်သောစိတ်တို့ အနည်းငယ်သက်သာစေရန် အိမ်အပေါ်ထပ်
လသာဆောင်ရှိခုံတွင်ထိုင်နေခဲ့လိုက်သည်။
သူ၏ လက်လေးပေါ်ရှိ ငွေလက်စွပ်လေးကို ကြည့်ရင်းမျက်ဝန်းများမှာစွတ်စိုနေခဲ့သည်။

!၁၄နှစ်တာကာလအတွင်း
ဖြစ်တည်ခဲ့သော ချစ်ခြင်း
တစ်ခုသည် နောက်ဆုံးတွင်
ပျောက်ကွယ်တော့မည့်
အချိန် တစ်ခုကို ရောက်လာခဲ့ပြီလား ...

သိူ့တည်းမဟုတ်

လူအများဖြစ်လေ့ရှိသည့်
ဆင်းရဲဒုက္ခရောက်စဉ်၌
ကျေးဇူးတရားဟုအထပ်ထပ်ပြောကာ
ဒုက္ခများကိုအတူဝေမျှပေးနိုင်သော်လည်း
အဆင်ပြေချမ်းသာလာချိန်တွင်တော့မူ
လက်တွဲကူခဲ့သူအား
သတိရဖို့ပင်မေ့လျော့နေခဲ့သည်လား!

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now