EP61(U+Z)

1.9K 209 11
                                    

EP61 ကျန်းနဲ့ အိုက်တွေ့ဆုံခြင်း

ကျစ်ရှုတညလုံး မအိပ်ဘဲ ရှိနေခဲ့သည်။
အလင်းရောင်တစိုးတစ်စကခန်းဆီးစမှဖြတ်ကျော်လာချိန် ထို အလင်းစကိုသာအာရုဏ်ဦးထိတိုင်မမှိတ်မသုန်စိုက်ကြည့်နေမိခဲ့သည်။

သူ့ကိုယ်သူ လူကောင်းတစ်ယောက် သို့ တည်းမဟုတ် ချစ်မြတ်နိုးခြင်းခံရထိုက်သူ
တစ်ဦးလို့ ဘယ်သောအခါမှ မတွေးမိခဲ့။သူက ယခင်တုန်းကလိုမလှတော့ဘူး၊အရင်တုန်းကလိုနှစ်သက်စရာလဲမရှိတော့ ဘူး၊ထို့အတူ အရင်တုန်းကလို ကျန်းမာသန်စွမ်းမှုသည်လည်းမရှိတော့ဘူးလေ။သို့သော်
ဒေါက်တာ့အိမ်မှာအချိန်တစ်ခုကြာထိသူနေလာပြီးတဲ့နောက်သူရဲ့ ကိုယ်ပိုင်မိသားစုလေးလိုသူခံစားလာရတယ်။တချိန်တည်းမှာဘဲ ဒေါက်တာ့ကိုလည်းထိခိုက်စေခဲ့မိတယ်။ဒါပေမယ့် သူ့မှာ ထပ်နာကျင်ဖို့ နှလုံးသားမရှိတော့သလို ဖြစ်နေခဲ့သည်မို့ ဒေါက်တာ့ဘက်ကို သူမတုံ့ပြန်နိုင်သလိုဖြစ်နေခဲ့ရတယ်။သူ့မှာအချိန်ဘယ်လောက်များကျန်တော့မှာမို့လဲ ?ဘယ်နှစ်ရက်သို့မဟုတ်ဘယ်နှစ်လ လဲ ?။

သူဆုတောင်းက တစ်ခုထဲအတွက်ပါ ။
သူထွက်သွားပြီးတဲ့နောက် သူ့အတွက် ပူဆွေးမှုထဲမှာ နစ်မြုပ်မနေဘဲ သာမန် သူနဲ့ မတွေ့ခင်က ပျော်ပျော်နေတတ်တဲ့ ,ပန်းလေးတွေစိုက်ပြီး ကားတွေစုဆောင်းနေတတ်တဲ့
လူနာတွေနဲ့ ပတ်ချာလည်နေတဲ့ ,အမြဲ ပြုံးရွှင်နေခဲ့တဲ့ ကောင်လေး တစ်ယောက်ပြန်ဖြစ်စေချင်ရုံပါ။အချိန်တစ်ခု မှာ ရင်ထဲက ဒဏ်ရာတွေပျောက်၍ အိမ်ထောင်ပြုပြီး
မိသားစုလေးနဲ့ ပျော်ရွှင်စေချင်မိတာ။
သူ့ဘဝကြီးတစ်ခုလုံး အိုက်ကျိယွီဆိုတဲ့
ဆရာဝန်လေးတစ်ယောက်ရဲ့ အမည်းစက်ဖြစ်သွားစေသည်အထိစိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ မေတ္တာတစ်ခုနဲ့အတူ
သူ့ကိုပါ မေ့သွားနိုင်အောင်လို့ပေါ့။

ခါးသက်သော အရာက ဆေးဝါးတစ်ခုအနေဖြင့်တော့ အတော်အတန်ထိရောက်နိုင်သည်
မဟုတ်လား။

တကယ်လို့များ ညကကျိယွီသူ့ကိုသာ
ထိတွေ့ခဲ့မယ်ဆို ကျိယွီအတွက် လျော်ကြေးတစ်ခု အနေနဲ့ တစိတ်တဒေသတော့ သူပေးနိုင်ခဲ့မည် မဟုတ်လား။အကြွးတချို့ကြေသွားနိုင်တယ်လေ။ဒါပေမယ့် မထိတွေ့ခဲ့တော့ သူ့အတွက်ပေးရမယ့် လျော်ကြေးတွေက ပိုများလာပြီးသူထွက်မသွားခင်အချိန်ထိ
ကျိယွီနဲ့ဘဲ နေပေးရမယ်ဆိုတဲ့အသိက
သူ့စိတ်ထဲမှာ တဖြေးဖြေးစွဲဝင်လာခဲ့လျက်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now