EP65(U+Z)

1.8K 170 1
                                    

Ep65 မိုးမခပင်အောက်မှအတွေးတစ(U)

ကျိယွီ ကျစ်ရှုကို ပွေ့ဖက်ရန် ကြိုးစားလိုက်သည်။၎င်းသည် အားပေးနှစ်သိမ့်မှု တစ်ခုအနေဖြင့်သာဖြစ်သည်။သို့သော်ကျိယွီ လက်ဆန့် လိုက်သည်နှင့်တပြိုင်နက်ကျစ်ရှုသည် သူ့အား အလိုလို ပင်သိမ်မွေ့စွာ ရှောင်တိမ်း
သွားခဲ့သည်။

ကျိယွီလက်များကလေဟာနယ်ကိုသာပွေ့ဖက်မိလိုက်ရင်းကြမ်းပြင်ကိုသာကြည့်လျက် နှုတ်ဆိတ်နေခဲ့သည်။သူတကယ်ကြီးပင် နွမ်းလျနေပုံအား မကွယ်ဝှက်နိုင်ခဲ့လျက်ရှိနေရသည်။တကယ့်တကယ်တွင် သူကျစ်ရှုကို မည်မျှ ဂရုစိုက်စေသည် ဆိုဦး ကျစ်ရှုအတွက်သူကအတူနေသည်မှာ ခြောက်လပင် မပြည့်သေးသော သူတစ်ယောက်ပင်ဖြစ်သည်။ထို့ကြောင့်ပင် ကျစ်ရှု ရင်းနှီးကျွမ်းဝင်ခဲ့သော 15နှစ်နီးပါးလူတစ်ယောက်နှင့် သူမည်သို့မျှယှဥ်နိုင်ပါမည်နည်း။
ဒါကိုလည်း သူရှင်းရှင်းလင်းလင်းသိနေခဲ့ရသည်။ မေတ္တာချင်းမတူ ၊ချစ်ခြင်းခြင်းမတူ, အလျားအနံပင်တူမနေသော အနေအထား တစ်ခု ကိုသူသိနေခဲ့သည်။ကျစ်ရှု သူ့ကို ဘာမှ ပြောမလာခဲ့သော်လည်းကျစ်ရှု မျက်လုံးများထဲမှ ဝမ်းနည်းမှုများနှင့်အတူ သူ့ကို တွန်းဖယ်လာသည်မို့ ခေါင်းတချက်မျှသာ ညိတ်လိုက်မိရင်း အရာအားလုံးကိုမူနားလည်ခဲ့ရသည်။

ဟယ်ကျစ်ရှု၏ချစ်ခြင်းမေတ္တာ သည် စွဲမြဲ စွာရှိနေတုန်းပင်ဖြစ်သည်။နောက်ဘဝဟု ဆိုခြင်းက မသေချာနေလျက် ဒီဘဝတွင်တော့
သူချစ်သောသူမှာ ထိုသူတစ်ဦးတည်းသာဖြစ်နေခဲ့သည်။

အိုက်ကျိယွီအရာအားလုံးကိုမှန်ကန်စွာ
လုပ်နိုင်ခဲ့သည်။သူသည်လည်း ကျန်းဝမ်ရွှီကဲ့သို့ပင် ပရိယာယ်ကြွယ်သော သူဖြစ်ပြီး
ဟယ်ကျစ်ရှု၏ ကုမ္ပဏီရှယ်ယာများအား
တဖက်လှည့်ဖြင့် များစွာ ဝယ်ယူလိုက်ပြီးဖြစ်သည်။ ကျစ်ရှုနှင့် ကျန်းဝမ်ရွှီ အတူဖန်တီးခဲ့သည်ဆိုသော အမှတ်တရများရှိမည်ဟုသူတွေးမိခဲ့သော်လည်း ထိုအရာသည် များစွာ အရေးမကြီးနိုင်ဟု သူထင်မိခဲ့သည်။
သူ ရှေ့ဆက် ထိုရှယ်ယာနှင့်ပတ်သက်၍
ဘာဆက်လုပ်မည်ကိုတော့ ဘုရားမှ
တပါးမည်သူမှ သိနိုင်မည်မထင်ချေ။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now