EP67(U+Z)

1.7K 177 4
                                    

[ U ]

EP 67 ဦးတည်ချက်မတူသော

အိုက်ကျိယွီ တစ်ညလုံးဆေးရုံ၌ ထိုင်နေခဲ့ပြီး
ကျစ်ရှုကအိပ်ပျော်နေဆဲ ဖြစ်သည်။
အိပ်ပျော်နေစဥ်အတွင်းဆရာဝန်ကမငြင်းသာသော အချက်များဖြင့် ဆေးကုသမှုခံယူရန်နားချဖို့ကို ပြောဆိုလာခဲ့သည်။

ကျိယွီ ရောဂါအခြေအနေအားနားမထောင်နိုင်လျက် ပြောခဲ့သည်။

"တောင်းပန်ပါတယ် ...ကျွန်တော်လဲ ဆရာဝန် တစ်ယောက်ပါ "

ဆရာဝန်များကလည်းသူဘာကိုဆိုလိုသည်အား သိကြသည်။သူ့အတွက်အမှန်တရား
မလိုဘူး။သူတကယ်ကြားချင်ခဲ့သည်က သတင်းကောင်းများသာဖြစ်သည်။သူ့ကိုယ်သူလှည့်စားနေခြင်းမဟုတ်ပေမယ့် သူ့နာကျင်မှုအား အနည်းငယ် သက်သာစေရန်သာ ဖြစ်သည်။

အိုက်ကျိယွီ အခန်းထဲသို့ဝင်လာပြီး
ကျစ်ရှု၏အခြေအနေအား ခဏခဏ စစ်ဆေးနေခဲ့သော်လည်း ကျစ်ရှုကို
သူမထိရဲခဲ့ပေ။သူ့ခံစားချက်များသည်
ဘာကြောင့်ပင် လိုသည်ထက်ပို၍ ထိခိုက်နေသည်အား သူမသိခဲ့။သူသိသည်က
ထို အမျိုးသား၏မျက်နှာလေးအားတွေ့ချင်ရုံသာဖြစ်သည်။ ထို့ပြင် ဘာကြောင့်များသူက ဖျော့တော့နေခဲ့ပြီးလူတစ်ယောက်၏ နှလုံးသားကို ရယူဖို့ရာခက်ခဲနေရသည်ကိုတော့ သူသိချင်မိသည်။လောက ကြီးသည် အလွန်ပင်ရက်စက်လွန်းတတ်ပြီးလူကောင်းတစ်ဦးအား ဘာကြောင့်များပျော်ရွှင်စေရ
မည့်အစား အဘယ်ကြောင့်ပင်နှိပ်စက်နေရပါသနည်းဟူသောဖြေသူမရှိသည့်မေးခွန်းကိုပါ
သူ့ဘာသာပင်ပြန်၍မေးနေခဲ့မိသည်။

မနက်5နာရီ ခန့်တွင်အိုက်ကျီယွီဆေးရုံ ခုံတန်းရှည် ပေါ်တွင် တစ်ယောက်တည်း အိပ်ပျော်နေခဲ့သည်။သူ့ဖုန်းမှအဆက်မပြတ် ထွက်ပေါ်လာသောဖုန်းအဝင်ကော သံများကြောင့်ရုတ်တရက်ပင် သူနိုးလာခဲ့သည်။

သူမသိသော ဖုန်းနံပါတ်စိမ်းတစ်ခုဖြစ်သည်။

"ဟယ်လို ...ဘယ်သူပါလဲ ?"

သူအသံက အနည်းငယ်အက်ကွဲနေခဲ့သည်။

"ငါပါ ....ကျန်းဝမ်ရွှီ"

ထို့နောက်တဆက်တည်းပင် တည်ငြိမ်ကာ နှိမ့်ချရိုကျိုးသောအသံဖြင့် ပြောလာခဲ့သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now