EP60(U+Z)

2K 190 0
                                    

EP60 ရှက်ရွံ့ဖွယ်ရာ ပွေ့ဖက်ခြင်း

တောင်ဘက်မြို့ ဆောင်းရာသီ၏ စိုစွတ်အေးချမ်းမှုကကြီးစွာသော နှိပ်စက်မှု
တစ်ခုပင်ဖြစ်လေသည်။အလွှာအထပ်ထပ်ပမည်မျှပင်ထူထဲစွာ ဝတ်ဆင်ထားစေမူ
အရိုးထဲထိ စိမ့်ဝင်လာသည့်အအေးဓာတ်
က အိပ်မရအောင်ပင် နှိပ်စက်လျက်ရှိနေခဲ့သည်။

ကျစ်ရှုသည် နှာများချေနေလျက် ကားထဲမှ ထွက်လိုက်သည်။ကျိယွီဆုပ်ကိုင်ထားသော
ကျစ်ရှု၏လက်ဖဝါးလေးများကရေခဲတမျှ
အေးစက်လျက်ရှိနေသည်။

"အထဲကို အမြန်ဝင်ရအောင် ,ကိုယ်အပူပေးစက်ကို ဖွင့်ပြီးမင်းခြေတွေလက်တွေနွေးသွားအောင်ကိုင်ထားဖို့ကိုယ်ရေနွေးအိတ်လေးပါ
လုပ်လာပေးမယ်"

ကျိယွီသည် ပြောပြောဆိုဆိုဖြင့်
ကျစ်ရှု၏ညာလက်အား သူ့ အကျီ အိတ်ထဲထည့်ကာ ဆုပ်ထွေးထားလိုက်သည်။

ကျစ်ရှုသည် ကျိယွီပခုံးအားမှီထားလျက်ရှနေချေ၏။

"ဒီရက်တွေမှာ အပူချိန်တွေအရမ်းကျနေတယ်,ခုန ကိုယ်ကားထဲမှာနောက်ရက်တွေမိုးသက်မုန်တိုင်းကျနိုင်တယ်လို့မိုးလေဝသ ကြေညာတာကိုကြားလိုက်ရတယ် "

ကျိယွီသည် လက်တဖက်ဖြင့်အိမ်သော့ဖွင့်နေပြီး ကျန်တဖက်မှလဲကျစ်ရှုလက်အားမလွှတ်တမ်းဆုပ်ကိုင်ထားလျက်ပြောနေမိသည်။

"ဒါမှ တကယ့်ဆောင်းရာသီပဲ,မင်းတောင် အအေးဒဏ်ကိုပိုခံနိုင်ရည်ရှိလာပြီ "

ကျစ်ရှုနှုတ်ခမ်းလေးများကို တင်းတင်းစေ့ကာဘာမှမပြောဘဲအိမ်ထဲသို့ ဝင်လိုက်သည်။
ထို့နောက် ဖိနပ်လဲကာအိပ်ခန်းသို့သာ
တန်းသွားပြီး အိပ်ရာဘေးရှိ ညအိပ်မီးလေးအား ဖွင့်ထား လိုက်သည်။

ကျိယွီ က ကျစ်ရှုအတွက်လိုအပ်သော အရာများအား အကုန်လုပ်ပြီးသွားချိန်မှ အိပ်ခန်းထဲသို့ဝင်လာခဲ့သည်။အိပ်ခန်းထဲရောက်ချိန်၌ ကျစ်ရှုက ရေတောင်ချိုးထားပုံရနေသည်။ကျစ်ရှုသည် သန္တာရောင် ကတ္တီပါ bathrobe အား ထူးထူးဆန်းဆန်းပင်ဝတ်ဆင်ထားသည်အားတွေ့ရပြီးကူရှင်ခေါင်းအုံးလေးတစ်ခုကို  ပိုက်လျက်ထိုင်နေသည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now