EP45(U+Z)

2.5K 258 1
                                    

လောကကြီး၌ နှုတ်ဆက်ခြင်း သို့တည်းမဟုတ် ခြိမ်းခြောက်ခြင်းမျိုး
တို့ မရှိ.ဘဲ ထွက်ခွာရခြင်းသည်ကားသေခြင်း
တရားတစ်ခုသာရှိသည်ဟုဖြစ်ကောင်းဖြစ်နိုင်မည်။ထိုသို့ထွက်ခွာခြင်းများက
သိလျက်နှင့် ဖြစ်စေ သတိမမူ လိုက်မိသည်
ဖြစ်စေ တိတ်ဆိတ်စွာ ဖြင့် ဝမ်းနည်းမှုကို
ဖြေဖျောက်ဖို့ရာအလွန်ပင်ခဲယဥ်းလွန်း
လှသည်။

နေသာသော တနေ့၌ရုတ်တရက်
မိုးသက်မုန်တိုင်းတို့ ကျလာခဲ့သလိုမျိုး၊
မင်းရဲ့ အဖိုးတန်ပန်းအိုးလေး ဖုန်တွေပေလို့
မင်းသုတ်လိုက်မိချိန်မင်းလက်ထဲကနေ
ရုတ်တရက် ကျကွဲ သွားသလိုမျိုး
ထိုအရာများနှင့်ပတ်သက်၍ ရှုပ်ထွေးကာ
အဆုံးမဲ့ တိတ်ဆိတ်မှုများမှ ထွက်ပြေးနေရသကဲ့သို့ပင် ခံစားနေရမည်ပင်ဖြစ်သည်။

ကျန်းဝမ်ရွှီသည် အခန်းထဲတွင် ရပ်နေလျက်
ဤသို့သော အခြေအနေတစ်ခုအား
သူမည်သို့ပင်ကိုင်တွယ်ရမည်ကို တွေးပင်
မတွေးနိုင်တော့အောင်စိတ်များကမူ
ရှုပ်ထွေးနေလျက် ။ဘာကြောင့် ကျစ်ရှုက
သူ့ကို ရုတ်တရက်ထားကာ ထွက်သွားရပါသနည်း?ကျစ် ရှု ဘယ်ချိန်ထဲကသူ့ကို ထားခဲ့ဖို့ ကြံရွယ်နေခဲ့ပါသနည်း?ယခုလတ်တလော တွင် မူ သူကအကူအညီမဲ့နေသလိုသာ
ခံစားနေခဲ့ရရင်း သူ့ဘဝတစ်လျှောက်
ယခုကဲ့သို့ တခါမျှ အထီးမကျန်ဘူးခဲ့ချေ။
သူကျစ်ရှုနှင့် ချစ်ခဲ့သောကြောင့်သူ့မိသားစု
နှင့်သူက သူစိမ်းများပမာ ဖြစ်တည်လာခဲ့ရင်း သူတိူ့နှစ်ယောက် ဘဝစတည်ခါကစဆို ဆင်းရဲလှသောကြောင့်ဖက်ထုပ်ပြုတ်ဟင်းရည်ကိုပင် နှစ်ယောက်မှ တစ်ပန်းကန်သာစားခဲ့ကြရသည်။အိမ်နှင့် ဝေးကွာသော နေရာ၌သာနေထိုင်ခဲ့ကြသည်။မျိုးစုံသော
အကြောင်းပြချက်များနှင့်အတူ ရုန်းကန်ခဲ့ကြရင်း ကျစ်ရှုက အမြဲ သူနောက်မှကူညီပံ့ပိုး
ပေးခဲ့သည်။ခုတော့ ဘယ်အရာကများ ?
သူရှာဖွေရမည် ဘယ်အရာတွေကြောင့်များ
ကျစ်ရှုထွက်သွားရသည်ဆိုသည်ကို
သူရှာဖွေရမည် ဖြစ်သည်။

တဖက်တွင်မူ ....

အိုက်ကျိယွီယဥ် ရပ်နားရာ နေရာ၌
ခဏမျှ အနားယူကြသည်။
သူတို့ နှစ်ယောက်ပေကျင်းနှင့်ဝေးလာ
သည်နှင့်အမျှ ရာသီဥတုက တဖန်ပြန်၍နွေးထွေးလာလေပြီ၊အနည်းဆုံးမှာ10Cလောက်တော့ ပေကျင်းထက် ပို၍ပူနွေးလျက် ရှိနေသည်။အိုက်ကျိယွီသည် ကျစ်ရှုပင်ပန်းမည် စိုးသောကြောင့်ကားအပြင်သို့ ထွက်ရန်အကြံပေးလိုက်ရင်းကားရော လူတွေရော ခဏနားကြမည် ဖြစ်သည်။သူကအားဂူးရဲ့  လည်ပတ်ကြိုးအား ကျစ်ရှုဆီ ပေးလိုက်ရင်း

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔حيث تعيش القصص. اكتشف الآن