EP15(U+Z)

2.6K 319 0
                                    

... EP15 ကြောင်လေး လေးကောင်

ဟယ်ကျစ်ရှုသည် ဆေးရုံမှအပြန်တွင်
နီးစပ်ရာ ဆံပင်ညှပ်ဆိုင်တစ်ခုကို
ဝင်ခဲ့လိုက်သည်။ဆံပင်ညှပ်ဆိုင်သည်
သေးငယ်သောဆိုင်ခန်းလေး
ဖြစ်သော်လည်း ဖောက်သည်များမှာများပြားလျက်အထဲတွင် လူပြည့်နေလျက်ရှိနေသည်။
ဟယ်ကျစ်ရှုသည် သူ့အလှည့်အား
ခတ္တစောင့်နေလိုက်လေသည်။
မကြာမီသူ့အလှည့်သိူ့ရောက်လာခဲ့သောအခါ
ဆံပင်ညှပ်သူက ပုံရွေးချယ်ခိုင်းရာ

!အဆင်ပြေမယ့်ပုံသာညှပ်ပေးပါ!

ဟယ်ကျစ်ရှုသည် တည်ငြိမ်စွာပြောလိုက်လျက်သူ၏ လက်ရှိပုံစံအားသူထိုင်နေရာရှေ့ရှိမှန်ထဲ၌ ပြန်ကြည့်လိုက်မိသည်။တဆက်တည်းမှာပင် သူတွေးလိုက်မိသည်ကား
ဤသို့ဆံပင်ညှပ်ခြင်းသည် အခုအခေါက်မှာ
နောက်ဆုံးအကြိမ်ဖြစ်ကောင်းဖြစ်သွားနိုင်မည် ဟူ၍ဖြစ်ပြီးသူကုသမှုခံယူမည့်
ဓာတုကုထုံးသည် ဆံပင်ကျွတ်ခြင်းကို
အကြီးအကျယ်ဖြစ်စေသောကြောင့်ပင်
ဖြစ်လေသည်။

ဆံပင်ညှပ်သူသည် စကားနည်းသူဖြစ်ကာသူ့အလုပ်ထဲတွင်အာရုံစိုက်သူဖြစ်သောကြောင့်ခဏ၌ပင် ဟယ်ကျစ်ရှု၏ ဆံပင်ညှပ်ခြင်းအမှုမှာ ပြီးစီးသွားခဲ့လေသည်။ ဆံပင်ညှပ်သူသည် ကပ်ကြေးကိုချပြီး သူ့အားဘီးဖြီးပေးရင်း

!ဒီပုံလေး နဲ့အဆင်ပြေတယ် မင်းဆံပင်က
ထူပေမယ့် ပျော့ပျော့လေး နဲ့မို့ပုံသွင်းရအဆင်ပြေတယ်!

ဟု ပြောလာသည်။

ဟယ်ကျစ်ရှုသည် ထိုသူအားပြုံးပြရင်း ကျသင့်ငွေကိုပေးလိုက်ရင်း အမှတ်တမဲ့ပင် ကျန်းဝမ်ရွှီသူ့အားပြောဖူးခဲ့သည့်စကားများကို ပြန်သတိရမိလိုက်သည်။
ဟိုးအရင် ဆယ်နှစ်ကျော်လောက်က
သူတို့ကျောင်းတက်နေချိန် ကျောင်းသားဘဝတွင်ကျန်းဝမ်ရွှီသည် အမြဲလိုပင် ကျစ်ရှု၏
ခေါင်းရှိဆံပင်များအားသူ၏လက်ဖြင့်ဖွဖွလေးပုတ်ရင်း

!ကျစ်ရှု မင်းဆံပင်လေးတွေက
ပျော့ပျော့လေးနဲ့အိအိလေး !

ဟု အမြဲလိုပြောလေ့ရှိခဲ့သည်။ထိုအချိန်တုန်းက သူသည်ခွေးပေါက်လေးတစ်ကောင်အား
သူ၏ သခင်ကခေါင်းလေးပုတ်ကာ ချော့မြူနေသကဲ့သို့ပင် သူအရမ်းပျော်ခဲ့ရဘူးခဲ့သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now