EP20(U+Z)

2.5K 306 3
                                    

....ယနေ့သည် ထူးထူးခြားခြားပင် လေတိုက်နှုန်းလျော့ကျပြီးနေသာယာနေခဲ့သည်။
ဆေးရုံတွင် ဟယ်ကျစ်ရှု၏ဦးထုပ်အနားစွန်းပေါ်ရှိမြေခွေးမွှေးပုံစံအမွှေးဦးထုပ်လေးသည်
နေရောင်အောက်တွင်တလက်လက်နှင့်နွေးထွေးပြီး ချစ်စရာကောင်းနေခဲ့သည်။
အိုက်ကျိယွီသည် ဦးထုပ်ရှိ အသဲယားစရာ အမွှေးနုလေးများအားလက်ဖြင့်တို့ထိနေရင်း ကျစ်ရှုအားမျက်ဝန်းညိုများဖြင့် ပြုံးကာ
ကြည့်နေခဲ့သည်။

!ဘာဖြစ်လို့လဲ ဒေါက်တာ!

ဟယ်ကျစ်ရှုသည် သူ့ဆီပြန်ကြည့်ရင်း
မေးလာလေသည်။

!ကြည့်ပါဦး!

အိုက်ကျိယွီသည် ရုတ်တရက်ပြန်ပြုံးပြလာရင်းဟယ်ကျစ်ရှု၏ ဦးထုပ်လေးရှိအမွှေးလေးများကိုလက်ဖြင့်ဖွဖွလေးဖိချရင်း

!မင်းက ကျားပေါက်လေးတော့
ဟုတ်ပါဘူးနော်!

ဟယ်ကျစ်ရှုသည် ရုတ်တရက်
အိုက်ကျိယွီ၏ စကားကြောင့်
ရယ်မိလိုက်ရင်း ဆရာဝန်တစ်ယောက်
ဖြစ်သော်လည်း တခါတရံ၌
အမှတ်မထင်စနောက်တတ်သေးသည်မို့
အိုက်ကျိယွီအား ဟာသဉာဏ်
ကောင်းချက်ပေသည်ဟု သူ့စိတ်ထဲတွင်
တွေးမိလိုက်လေသည်။

သို့သော် သူသည် ရယ်မောနေရင်းပင်
ရပ်လိုက်ရလေသည်။ ဒီတစ်ခေါက်
ဓာတုကုထုံးသည်ယခင်အခေါက်ထက်
ပိုမိုနာကျင်နေသည်ဟုလည်းခံစားနေရသောကြောင့် ဖြစ်သည်။ဆေး၏ ဘေးထွက်
ဆိုးကျိုးများသည် နာကျင်နေလျက်
ချွေးစေးများပင် ထွက်နေခဲ့လေသည်။
ဆေးသွင်းရင်းပင် အော့အန်နေရပြီး
ခါးပင်မတ်မတ်မထိုင်နိုင်သည်အထိ
ပင်ပန်းလျက်ခံစားနေရလေသည်။

ဟယ်ကျစ်ရှုသည် ပြင်းထန်တဲ့နာကျင်မှုကို
ခံစားနေရသည်မှာ အသံပင်မထွက်နိုင်သည်အထိပင်။တစ်စုံတစ်ယောက်သည် သူ့နာမည်အားခေါ်ကာသူ့ခေါင်းအား ပုတ်ပေးနေသည့်အသိကြောင့်မျက်လုံးများဖွင့်လိုက်ရင်း ခဏအကြာပြန်၍ခေါင်းမော့ကြည့်ရင်း

!ဒီ တစ်ခေါက်အရမ်းနာတယ်!

ဟု ပြောလိုက်သည်။

အိုက်ကျိယွီသည် သူ့အား ခေါင်းမော့ကာပြောလာသောကျစ်ရှု၏ အသံသည် သူ၏ ရင်ထဲထိပင်နာကျင်စေလျက်သူ ခေါင်းညိတ်ပြလိုက်ရင်းစိတ်မကောင်းစွာကြည့်နေမိလေသည်။အမှန်တကယ်တွင် သူ့စိတ်ထဲ၌ကျစ်ရှုသည် ကျားလေးနှင့်မတူဘဲအားနည်းနေသောကြောင်လေးနှင့် တူလှသည်။ထိုကြောင်လေးသည် သူ့လက်သည်းများကိုရန်သူအတွက်မသူံးဘဲ သူ့ကိုယ်သူပြန်၍အနာတရဖြစ်အောင် ကုတ်နေသည်နှင့်ပင်တူလှပေသည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now