EP17(U+Z)

2.4K 327 16
                                    

EP17ရှင်သန်မှု အတွက်ခါးသီးသောရုန်းကန်မှု

...ဟယ်ကျစ်ရှုသည် ဓာတုကုထုံးပြီးသည့်နောက်တွင်လမ်းလျှောက်ဖို့ရန်ပင်
အရမ်းကိုနာကျင်ပင်ပန်းနေခဲ့ရသည်။
ထိုအချိန်တွင် ဟယ်ကျစ်ရှုသည် အိုက်ကျိယွီအား မငြင်းပယ်တော့ဘဲသူ့အား ဖေးမကိုင်ထားသောအိုက်ကျိယွီအား အားကိုးရာတစ်ခုအဖြစ်မှီ၍ အိုက်ကျိယွီ၏ ရုံးခန်းထဲသို့
လိုက်လာခဲ့လိုက်သည်။ အိုက်ကျိယွီ၏
ရုံးခန်းထဲရှိအိပ်ရာပေါ်တွင်ခဏမျှအနားယူခဲ့လိုက်လေသည်။ သူတို့နှစ်ဦးလုံးသည်
ခတ္တမျှ တိတ်ဆိတ်နေခဲ့ကြလေသည်။ သို့သော်အိုက်ကျိယွီသည် သူ၏ ရင်ထဲ၌မူ
ဟယ်ကျစ်ရှုနှင့်ပတ်သက်သော ပြော၍မရနိုင်သည့်ခံစားမှုတစ်ခုက ယခင်ကထက်ပင်
ပို၍ပင်အားကောင်းလာခဲ့ပြီး ကျစ်ရှုနှင့်ပတ်သက်ပြီးပို၍ပင်စိတ်မကောင်းဖြစ်လျက်ရှိနေခဲ့လေသည်။

အိပ်ရာပေါ်တွင်လှဲနေသောဟယ်ကျစ်ရှု၏ မျက်နှာလေးသည် အဖြူရောင်စာရွက်လေး
တစ်ခုနှင့်တူ နေသည်။သူ၏ တချိန်က တောက်ပနေခဲ့ဟန်ရှိသောမျက်လုံးလေးများသည် အခုတွင်မူ စိတ်ဓာတ်ကျခြင်း ကြောင့်ပင်သည်လားနာကျင်မှုကြောင့်ပင်သည်လားမှေးမှိနိပြီး အသက်မဲ့နေခဲ့သည်။ အိုက်ကျိယွီသည် ခြောက်သွေ့ကာသွေးစလေးအနည်းပင်ကပ်ငြိနေသည့်
နှုတ်ခမ်းလေးကို ကြည့်မိလာရင်း
ကျစ်ရှုအား ရေနွေးတစ်ခွက်ထည့်ပေးမည် ကြံရွယ်၍ကျစ်ရှုအား အရင်စကားစလိုက်သည်။

!ရေနွေးလေး နည်းနည်းသောက်မလား !

ဟယ်ကျစ်ရှုသည် သူ့အားကြည့်လာကာ
ဘာမှပြန်မပြောဘဲခဏအကြာတွင်

!ကျွန်တော် အရမ်းအေးနေတယ်!

အိုက်ကျိယွီသည် ရုံးခန်း၌အိပ်လေ့မရှိသောကြောင့်စောင်လည်း ရှိမနေပေ။
အိုက်ကျိယွီသည် ရုံးခန်းထဲတွင်
လွှမ်းခြုံရန်အဆင်ပြေမည့်အရာအားလိုက်ကြည့်မိလိုက်ရာစောင်ရှိမနေသော်လည်း သူ၏ အလွန်ထူထဲသောအညိုရင့်ရောင်ဂျာကင်အကျီတစ်ခုက ရှိနေလေသည်။
ထို့ကြောင့်ပင် ဟယ်ကျစ်ရှုအားထိုဂျာကင်ဖြင့်ပင် ခတ္တလွှမ်းခြုံထားပေးလိုက်သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now