EP78(U+Z)

1.8K 162 8
                                    

EP78 ကျစ်ရှုကို မထိပါနဲ့

ကျစ်ရှု မငြင်းဆန်မိခဲ့။သူ့ဦးခေါင်းများက လေးလံ လွန်းနေခဲ့ပြီး အိုက်ကျိယွီနှင့်ပတ်သက်ပြီး ဘာတွေ ခံစားနေမိသည်လည်း ဆိုသည်ကိုတောင် မသိခဲ့ပေမယ့် ကျိယွီအား
အရာရာကို ခွင့်ပြုပေးခဲ့သည်။

ကျိယွီ က ကျစ်ရှုကို လွှတ်လိုက်ပြီး သူ့လက်ချောင်းများဖြင့် မှိန်ဖျော့နေသော နှုတ်ခမ်းများကို တို့ထိလိုက်သည်။

"ဒီနေရာလေးက အရမ်းကို ချိုတယ် "

ကျိယွီက ပြုံးလိုက်သည်။

"အနာဂတ်မှာ ကြက်ဥ ဌာပနာမုန်လေးတောင် ဖြစ်ချင်လာပြီ "

ကျစ်ရှု အနည်းငယ်ပင်ပန်းနေသည်ဟု ခံစားနေရသည်။ခွေးကို ငုံ့၍ ကုန်းကာ ဖက်လိုက်ပြီး နောက် ဆိုဖာပေါ်သို့ ကျစ်ရှုခန္ဓာကိုယ်လေး ခဏလှဲချလိူက်၍ ပြန် မြုပ်သွားခဲ့သည်။

အိုက်ကျိယွီ ဘာမှ မပြောသေးဘဲသူ့ဖုန်းအား ဆွဲထုတ်လိုက်သည်။သူကျစ်ရှုအတွက် အော်ဒါမှာထားသော ပန်းလေးများမရောက်သေးသောကြောင့် ဖြစ်သည်။ခဏမျှအကြာ
သူဖုန်းခေါ်မည်လုပ်စဥ် သူ့ဆီသို့
ဖုန်းတကောက အရင် ဝင်လာခဲ့သည်။

ခုမှ သရဲလာခြောက်သော ကျန်းဝမ်ရွှီဆီက ဖြစ်နေခဲ့သည်။အိုက်ကျိယွီ အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ပြီး ဖုန်းကိုပင် မြေပြင်ပေါ် ပစ်ချကာ ရိုက်ခွဲလိုက်ချင်မိသည်။

"ကိုယ် ဖုန်းပြောဖို့ အပြင်ခဏထွက်လိုက်ဦးမယ် ....ဒီမှာ ခဏလှဲနေလိုက်ဦးနော် "

အိုက်ကျိယွီ သူ့ဖုန်းအားညွှန်ပြပြီး ကျစ်ရှုအား ပြောလိုက်သည်။

ကျိယွီ အပေါ်ထပ်သို့ရောက်သောအခါမှ ဖုန်းမြည်စေရန် ဖုန်းသံအား အလိုအလျောက် ပိတ်ထားလိုက်သော်လည်း ဆယ်မိနစ်ခန့်
အကြာ၌ ထပ်၍ မြည်လာခဲ့သည်။

"ခင်ဗျားဘာလိုချင်နေတာလဲ ?"

အိုက်ကျိယွီ အေးဆေးစွာမေးလိုက်သည်။

ကျန်းဝမ်ရွှီအသံက အေးဆေးတည်ငြိမ်နေသော်လည်း ပျော်ရွှင်မှုကိုပါ ခံစားနေရလျက် ပြောလာသည်

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now