EP19(U+Z)

2.3K 308 7
                                    

....ဟယ်ကျစ်ရှုသည် ဘာမှဆက်မမေးတော့ဘဲ သက်ပြင်းတစ်ချက်သာချမိရင်း
ကျန်းဝမ်ရွှီအပေါ်သူ၏စိုးရိမ်ပူပန်မှုများသည်
သူ့အတွက်များစွာအသုံးမကျတော့ခြင်းဟုပင်သူ့ဘာသာစိတ်ထဲ၌လှောင်ရယ်နေမိခဲ့လေသည်။ထို့နောက်တွင် လက်ထဆေးပြီးနောက်
အခန်းထဲသို့ဝင်ကာ ကျန်းအတွက်
ခရီးဆောင်အိတ်ကို ပြင်ဖို့လုပ်လေသည်။

ကြောင်လေး ၄ကောင်သည်ခုန်ပေါက်မြူးကြွလျက်ရှိနေပြီး သူတိူ့၏ ခြေထောက်တိုတိုလေးများနှင့်ပြေးလွှားကာ ဟယ်ကျစ်ရှုရှိရာသို့တစ်စုတစီးထဲ ရောက်လာကြလေသည်။
စူးစူးစမ်းစမ်းဖြင့်စပ်စုနေကြရင်း
ဦးခေါင်းထိပ်တွင်အနက်ကြားလေး
များပါသောကြောင်သေးသေးလေး
၂ကောင်သည် ဟယ်ကျစ်ရှေ့ရှိ
ကျန်း၏ခရီးဆောင်အိတ်ထဲတွင်
ဝင်ထိုင်လိုက်ရင်း ကျစ်ရှုအား
မော့ကြည့်ကာခုန်ပေါက်နေလေသည်။

!ကဲ ကဲ ခုထွက်တော့ အဲကနေ!

ဟယ်ကျစ်ရှုသည် ကြောင်လေးများ၏ ခေါင်းအားသူ၏ လက်ချောင်းလေးများဖြင့်တို့ထိလိုက်ရင်း ပြုံးလျက်

!ဒီနေရာကနေ မြန်မြန်ထွက်မင်းတို့ကို
သူမြင်သွားရင်ငါ့ကိုပြောနေဦးမယ်!

ကျန်းဝမ်ရွီသည် တံခါးနားတွင်
ထိုမြင်ကွင်းအားမတ်တပ်ရပ်ကာကြည့်နေခဲ့သော်လည်း ကျစ်ရှုကို မူဘာမှမပြောမိပါချေ။တခါတရံတွင်သူသည်နူးညံ့သိမ်မွေ့သောကျစ်ရှု၏ ကြောက်ရွံ့မှုကိုခံခဲ့ရသည်။
သူသတိရမိသည်ကား သူနှင့် ရှန်ကျွီ ၏
ဆက်နွယ်မှုအစတွင် အရမ်းဆိူးသော
ဟတ်စကီးခွေးလေးတစ်ကောင်ကိုရှန်ကျွီက မွေးခဲ့ဖူးသည်။သူသည် အလိုမကျသော်လည်း သည်းခံခဲ့ရသည်။နောက်ဆုံးတွင် သူသည် ရှန်ကျွီ၏ အိမ်၌ မနေနိုင်တော့ပေ။ရှန်ကျွီ၏ အကျီပေါ်တွင် ခွေးမွှေးတွေ့ရသည်နှင့်ပင်သူ့အတွက်အဆင်မပြေသောကြောင့်ဖြစ်သည်။ရှန်ကျွီသည် ငိုယိုရင်း
သူ၏ ခွေးလေးအားအဝေးသိူ့ပို့လိုက်ကာ စိတ်မကောင်းဖြစ်နေသော်လည်းကျန်းဝမ်ရွှီ၏ ရင်ထဲတွင်မည်သိူ့မျှ ရှန်ကျွီငိုသည်နှင့်
ပတ်သက်ပြီးမည်သို့မျှမခံစားခဲ့ရပေ။
ကျန်းဝမ်ရွီ သည် ယခုတွင် ဟယ်ကျစ်ရှု၏
ကြောင်လေးများနှင့်စကားပြောကာပျော်နေပုံကိုကြည့်နေရင်း သူ၏နှလုံးသားထဲတွင်အလွန်ကိုချိူမြိန်လျက် ပတ်ဝန်းကျင်လေထုနှင့်ပင်လတ်တလောတွင် သဟဇာတဖြစ်ကာ ငြိမ်းချမ်းလျက်ရှိနေခဲ့လေသည်။အခုအခိုက်အတန့်လေးကို မဖျက်ဆီးလိုတော့ဘဲ
သူ၏ အကျီပင်မကလို့အိတ်ထဲတွင်ပင်
ကြောင်မွှေးလေးများကပ်ငြိစေဦး
ဟယ်ကျစ်ရှုစိတ်ချမ်းသာနေသည်မို့
သူဘာကိုမှ ဂရုမစိုက်မိတော့ခြင်းပင်
ဖြစ်လေသည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now