EP5(U+Z)

3.1K 398 17
                                    

..EP5 သစ်ခွပန်းအိုးလေး

..သို့သော် သူ့အနားမှာလဲလျောင်းနေသည့်သူကပင်သူ့အား သေခြင်းတရားကို တွန်းလှန်ဖို့
သတ္တိတွေပေးခဲ့သည်။
သူသည် ကျန်းဝမ်ရွှီ၏ လျစ်လျူရှုမှုများကြောင့်အကြီးအကျယ်စိတ်ထိခိုက်ခဲ့ရသော်လည်းသူတို့နှစ်ယောက် ယခင်လိုအဆင်ပြန်ပြေနိုင်ဦးမလားဆိုသည့်စိတ်နှင့်သူအသက်ရှင်နေထိုင်ဖိူ့ကြိုးစားနေခဲ့သည်။

ထိုအရာကို ချစ်ခြင်းမေတ္တာ ဟုခေါ်ပြီး
မင်းကိူ ထိခိုက်နာကျင်စေနိုင်ပေသည်
သို့သော် ထိုချစ်ခြင်းမေတ္တာကပင်
မင်းရဲ့စိတ်ကိုကယ်တင်နိုင်ပြီး
ရဲစွမ်းသတ္တိကိုလည်း ပေးနိုင်လေသည်။

ဟယ်ကျစ်ရှုသည် ငယ်စဉ်ထဲကပင်
လူချစ်လူခင်ပေါများခဲ့သည်။
သူသည်စာအလွန်တော်သောကြောင့်
ကောင်းမွန်သောပညာရေးဆိုင်ရာ
မှတ်တမ်းများ စွာရရှိခဲ့သည်။
နူးညံ့သိမ်မွေ့ပြီး ချောမောသောအသွင်ကို
ရရှိထားပြီး သူ၏ တောက်ပသောမျက်လုံးလေးများသည်မိန်းကလေးများစွာကို
ဆွဲဆောင်နိုင်ခဲ့သည်။သူကျောင်းသားဘဝတုန်းကပင်မိန်းကလေးများစွာက သူ၏ ပတ်လည်မှာရှိလျက်သိမ်မွေ့ချောမောသောသူ့ပုံစံကိုသဘောကျခဲ့ကြသည်။
သူသည် စာအလွန်တော်ခဲ့သော်လည်း
တက္ကသိုလ်ဆက်မတက်ခဲ့ဘဲအဲဒီအစား
ဇာတိမြို့မှထွက်ခွာကာ ကျန်းဝမ်ရွှီနောက်သို့ လိုက်၍အတူနေထိုင်ခဲ့ကြသည်။
သူအလုပ်လုပ်ချိန်တွင် သူဌေးသမီးများ
ချမ်းသာကြွယ်ဝသောအမျိုးသားများ၊
ယောကျ်ားလေးများနှင့်မိန်းကလေးများအပါအဝင်များစွာသောသူများက
သူ့အားသဘောကျပြီးကမ်းလှမ်းခဲ့ကြသည်။
သို့သော်သူသည် သစ္စာမဖောက်ခဲ့ဘဲ
ကျန်းဝမ်ရွှီအပေါ်ထားသောသူ၏ ချစ်မြတ်နိုးစိတ်များသည်မပြောင်းမလဲဆက်လက်တည်ရှိလျက် ကျန်းဝမ်ရွှီတစ်ယောက်တည်းကိုသာရွေးချယ်ခဲ့သည်။

သူသည်တစ်ချိန်က သူတိူ့၏ စီးပွားရေးလုပ်ငန်းအတွက်သေလုနီးပါးသောက်ခဲ့သည်။စီးပွားရေးပါတနာများနှင့်
အတူတူအိပ်လျှင်မျှပင် သူ၏ ရည်ရွယ်ချက်များကိုအလွယ်တကူရရှိနိုင်ကြောင်း သိခဲ့သော်လည်းသူသည်ကျန်း၏နောက်ကွယ်၌
ဘယ်တော့မှ မဖောက်ပြန်ခဲ့ပေ။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now