EP9(U+Z)

2.9K 335 4
                                    

...

..ပထမအစမှာ ကျန်းဝမ်ရွှီနှင့် ဟယ်ကျစ်ရှုတိူ့သည် သာမန်အတန်းဖော်များဖြစ်ကြသည်။

ကျန်းဝမ်ရွှီသည် သူတို့အထက်တန်းကျောင်းတွင်အနု ပညာကျွမ်းကျင်သော
အထူးသဖြင့် ပန်းချီပညာ အရမ်းတော်သော
ကျောင်းသားတစ်ယောက်ဖြစ်သည်။
သူသည် အနုပညာနှင့် အားကစားတို့တွင်
ထူးချွန်သော်လည်း စာကျက်ရမှာကိုမူ
အလွန်ပျင်းသူဖြစ်သည်။စာသင်ချိန်တွင် အမြဲတမ်းခိုးအိပ်နေတတ်ပြီး တခါတလေ
ပုံများလည်း ခိုးဆွဲနေတတ်သည့်သူလဲဖြစ်သည်။ ဟယ်ကျစ်ရှုမှာမူ သူနှင့်မတူ အကျင့်စရိုက်နှင့်နေထိုင်ပုံက အစကွဲပြားသောသူတစ်ဦးဖြစ်သည်။ ဟယ်ကျစ်ရှုသည် ချောမောသောအသွင်ရှိပြီးစာတော်သောကြောင့် အတန်းဖော်များနှင့် ဆရာဆရာမ များကြား အလွန်လူချစ်လူခင်ပေါသူဖြစ်သည်။

ဟယ်ကျစ်ရှုသည် အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်လေးနှင့်မျက်တောင်ရှည်ရှည်လေးများအောက်ရှိမျက်လုံးလေးများကလဲတောက်ပလျက် အလွန်လှပသူဖြစ်သည်။
မိန်းကလေးတစ်ယောက် ကဲ့သိူ့မျက်နှာလှလှလေးအားပိုင်ဆိုင်ထားသည့်အပြင် မျက်ခုံးထင်းထင်းလေးနှင့်အတူ
နှာတံစင်းစင်း လေးကလဲ
ထပ်မံအားဖြည့်ပေးထားသည်။
ချစ်စရာနှုတ်ခမ်းလေးများရှိသော သူ့ မျက်နှာလေး၏ အပြုံးကိူ မြင်လိုက်ရလျင်ပင် တဖက်သားအား စိတ်အေးချမ်းသွားစေသည်အထိ ချစ်ဖိူ့ကောင်းသောကောင်လေးတစ်ယောက်လည်း ဖြစ်ပေသည်။

(TN ကျစ်ရှုလေးက ချစ်စရာလေးနော်
အတော်ချောမယ့်ပုံလေး 😁)

သူသည် သွက်သွက်လက်လက်ဖြင့်
စကားအများကြီးပြောလေ့မရှိခြင်းနှင့်
သူငယ်ချင်းများနှင့်အတူ အုပ်စုဖွဲ့ပြီးမနေတတ်သော်လည်း သူ၏ ချစ်စရာကောင်းသော အပြုံးကြောင့်ပင်သူငယ်ချင်းများက အလွန်ပင်ချစ်ခင်ကြပြီးအတန်းဖော်မိန်းကလေးများက လည်းသူ့အားအထူး စိတ်ဝင်စားကြသည်ပင်။

ထို့နောက်သူတိူ့နှစ်ဦးသည်
ကျောင်းဝင်နံပါတ်များအရ
မတော်တဆ ဘေးချင်းကပ်ထိုင်ရသည့် အတန်းဖော်များဖြစ်လာကြလေသည်။

ပထမဆုံးခုံတွေနေရာချပြီး အတူထိုင်ရင်း
ထို ရက်များထဲမှ စကားစပြောသည့်နေ့မှာပင်
ကျန်းဝမ်ရွှီက ဟယ်ကျစ်ရှုအား

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now