EP50(U+Z)

2.4K 231 3
                                    

EP50 အိပ်မက်ဆိုးတစ်ခု

-2015ခုနှစ် January လ 2ရက်နေ့ရဲ့
ပထမဆုံး နှင်းမိုးရွာသွန်းမှုသည်
2014ခုနှစ်ထက် ကိုးလစော၍ ကျရောက်လာခဲ့သည်။ကျန်းဝမ်ရွှီသည် နှင်းများကြောင့် ချောနေခဲ့သော လှေကားမှ ခြေချော် ကျသွားပြီးခြေချင်းဝတ်ကဆိုးရွာစွာ အဆစ်လွဲသွားခဲ့ရာထော့နဲ့ထော့နဲ့ဖြင့် ဆေးရုံအပြင်သို့ လျှောက်လာခဲ့လိုက်သည်။အကယ်၍ကျန်းဝမ်သာ သူ့ကိုထိန်းမကိုင်လိုက်ပါက ယခုထက်ပင် ပို၍ ဆိုးသော အခြေအနေပင်ဖြစ်သွားနိုင်ပေသည်။

ကျန်းဝမ်ရွှီကသူ့လက်ထဲရှိ သေးငယ်ပါးလွှာသော စာရွက်ပိုင်းလေးများအား
ခိုင်မြဲစွာပင် ဆုပ်ကိုင်ထားခဲ့သည်။

ထိုစာရွက်ငယ်လေးသည်ကျန်းဝမ်မှ ရှာဖွေကြိုးပမ်းပေးခဲ့သော ရောဂါစစ်ဆေးရေးအစီရင်ခံစာ မိတ္တူတစ်စောင်ဖြစ်သည်။ စာရွက်ထဲတွင် အနက်နဲ့အဖြူရောင်အက္ခရာများကကျန်းဝမ်ရွီီ၏နောက်ဆုံးသော
မျှော်လင့်ချက်အားလုံးဝပင် ဖျက်ဆီးပစ်ခဲ့ပြီ ဖြစ်လေသည်။

ဆေးစာရွက်အား ကိုင်ကာ ရင်ဘတ်နားတွင်
ကပ်ထားမိရင်းကျန်းဝမ်ဆုပ်ကိုင်ပေးထားမှုအားရုန်းဖယ်ကာခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။ကျန်းဝမ်ရွှီသည် သတိလက်လွတ်ဖြစ်နေခဲ့ရင်း ဝိညာဥ်ပျောက်ဆုံးကာ အသိစိတ်ပင် မဲ့လာတော့မတတ်ရှိနေခဲ့ရသည်။ကျန်းဝမ်သည် သူ့အား ဆွဲထိန်းဖို့ကို ကြိုးစားလိုက်သော်လည်း ရုတ်တရက်ပင် အဆုံးမရှိ ကျဆင်းနေသောနှင်းတောဖြူဖြူများထဲသို့ဒူးထောက်ထိုင်ချလိုက်သည်။

ကျန်းဝမ်ရွှီ၏မျက်လုံးများသည်နီရဲနေလျက်
သူ့ပုံစံကမငိုမိအောင်ထိန်းထားနေပုံရနေရင်း ခေါင်းငုံ့ ၍အံကြိတ်ကာ ကြံ့ကြံ့ခံနေရသကဲ့သို့ရှိနေချေသည်။သို့သော် မျက်ရည်များကတော့ ဆေးအစီရင်ခံစာပေါ် တစက်တစက်စီ စတင်၍ကျလာခဲ့ရင်း သူ၏ခံနိုင်ရည်အား
လွန်ဆွဲနေခဲ့လျက်ရှိနေခဲ့သည်။မကောင်းသော အရာတစ်ခုအားစပ်ဆုပ်ရွံရှာစွာ ခုခံတွန်းလှန်နေခဲ့ရသလိုပင်ရှိနေသော်လည်းသူလုံးဝပင်ရှုံးနိမ့်သွားခဲ့ရပြီဖြစ်လေသည်။ကျန်းဝမ်ရွှီသည် စာရွက်လေးအား
ကြည့်နေရင်း မျက်လုံးများတွင်အားနည်းမှု
နှင့် ဝမ်းနည်းမှုများကိုလည်း ပြသနေခဲ့သည်။
ရှုပ်ထွေးသော ခံစားချက်များဖြင့် သူ့အား
ကြည့်နေသော သူငယ်ချင်းကိုလည်းအားတင်းကာပြုံးပြလာခဲ့သည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Where stories live. Discover now