EP18(U+Z)

2.3K 319 6
                                    

...ဟယ်ကျစ်ရှုသည် ရင်ထဲမှနာကြည်းလာလျက် သူ့ကိူမှီကာ အိပ်ပျော်သွားသောကျန်း၏ ခန္ဒာကိုယ်အား ဘေးသိူ့ပင်
တွန်းချခဲ့မိလိုက်သည်။ခဏမျှမိမိကိုယ်ကို အနားယူကာစိတ်ပြန်ထိန်းရင်း လေတဝကြီးရူကာရင်ထဲမှနာကျင်မှုများကိူ ဖြေလျော့နိုင်သမျှကုစားနေမိခဲ့သည်။

ဘဝအစတည်းက ကျန်းဝမ်ရွှီ နှင့်သူသည်
အမြဲတမ်းအတူတူနေမည်ဟု တစ်ယောက်ကို တစ်ယောက် ကတိတွေပေးခဲ့ကြသည်။
သစ္စာရှိစွာ နှင့် သက်ဆုံးတိုင် ဖေးမကြမည်ဟုလည်းသစ္စာတွေပြုခဲ့ကြသည်။သူတိူ့နှစ်ဦးတွေ့ဆုံခဲ့ချိန်သည်အရွယ်ကောင်းတစ်ခုတွင်
အစပြုတွေ့ဆုံပြီး ဘဝတစ်ခုလုံး၏
လူမှန် Right Personကိုတွေ့ခဲ့သည်
ဟုလည်း ထင်မိခဲ့သည်။

ယခုတော့မူ ဟယ်ကျစ်ရှုသည်
စိတ်ဓာတ်ကျစွာပြုံးနေရသည့်
ဘဝတစ္ခုသာ ဖြစ်တည်လာခဲ့ရလေသည်။
သူသည် ယနေ့ထိတိုင် သူတိူ့အတူတကွ
နေထိုင်ခဲ့သည့်ဘဝအစမှယခု ပစ္စုပ္ပန်ထိသေးသေးဖွဲဖွဲ ကိစ္စများစွာကိုပင်
တစ်ခုမကျန် ဂရုထားကာမှတ်မိနေခဲ့သည်။

အတိတ်က ကျန်းဝမ်ရွှီသည် အေးဆေးတည်ငြိမ်ပြီးစိတ်သဘောထားကောင်းကာ
ကျောင်းတွင်လဲထင်ပေါ်သည့်သူတစ်ယောက်
ဖြစ်ခဲ့သည်။သို့သော် သူသည်တခါတလေ
မယုံနိုင်လောက်အောင် ကလေးဆန်ကာ
ရိုးအသူလဲ ဖြစ်ခဲ့သည်။ထိုအချိန်ကသူသည်
ကြောင်လေးတစ်ကောင်ကဲ့သိူ့ချုံပုတ်နားတွင်ထိုင်နေရင်း ကျစ်ရှုအားခေါ်ကာ

!ရှောင်ရှု ရှောင်ရှု ဒီမှာကြည့်အကောင်လေး!

အမြဲလိုပင် ကျစ်ရှုအတွက် အရသာရှိသော
မုန့်များကို မမေ့မလျော့ကျောင်းသိူ့
ဝယ်လာတတ်ခဲ့သေးသည်။ကျစ်ရှုအတွက်ဆို တခြားသော ယောကျ်ားလေးများနှင့်
ရန်ဖြစ်ရဲ့လေ့ရှိပြီး ဟယ်ကျစ်ရှုအား
စိတ်ဝင်စားသော မိန်းကလေးများကိုလည်း
အျမဲလို အကြိမ်များစွာခြောက်လှန့်ခြိမ်းခြောက်ပြီးရန်လုပ်တတ်သေးသည်။ နောက်ပိုင်းတွင်ကျန်းဝမ်ရွှီသည် သူတို့၏
စားဝတ်နေရေးအတွက်အခက်အခဲနှင့်အတားအဆီးများကိုလည်းဖြစ်ကျော်ခဲ့ရသည်။ ကျန်းဝမ်ရွီသည်စီးပွားရေးချိတ်ဆက်မိဖို့ တရုတ်ပြည်အရှေ့မြောက်ပိုင်းမှလူကုံထံများနှင့်ခြေမခိုင်သည်အထိ သောက်ခဲ့ရရင်း
ဒုက္ခများစွာ ချိုးနှိမ်မှုများစွာခံခဲ့ရသည်။

ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ်ခဲ့ပါတယ်(MM Translation)Complete✔✔✔✔Opowieści tętniące życiem. Odkryj je teraz