Episode 3 (U+Z)

14.2K 1.2K 79
                                    

အပိုင်း ၃

" မင်း အန်တီ့သား အနားကနေ ထွက်သွားပေးဖို့ ငါ မင်းကို ပိုက်ဆံ ဘယ်လောက် ပေးရမလဲ... ပြော ... "

" သိန်းငါးရာ... "

" ဟမ်... "

သူ ခေါင်းကုတ်လိုက်သည် ။
အား.... ။ ကြည့်ရတာ သူတောင်းတာ များသွားပြီ ထင်တယ် ။

" များလို့လား အန်တီ... ဒါဆို သိန်း လေးရာ ... မဟုတ်သေးဘူး ... သိန်း သုံးရာ လောက်ဆိုရင်ကော... "

" အမ်... မဟုတ်သေးပါဘူး... "

ရှုံ့တွနေသော အန်တီကြီး မျက်နှာကို ကြည့်ပြီး သူ ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည် ။

" အဲ့တာမှ များတယ် ဆိုလည်း သိန်းနှစ်ရာလောက်ဆိုရင်ကော... အာ... နေပါစေတော့... သိန်းတစ်ရာလည်း ရတယ်... "

" နေစမ်းပါဦး... မင်း အခုပြောနေတာ... "

" အဲ့တာမှ များသေးရင်လည်း သိန်း ငါးဆယ်လောက်ဆို ရပါပြီ .... အာ ရှုပ်ပါတယ်... မပေးပါနဲ့တော့အန်တီရယ်... ကျွန်တော့်ကို အလုပ်လေး ရှာပေးပြီး နေစရာ စားစရာ ရှိရင် တော်ပါပြီ ... စားပွဲထိုးပဲ လုပ်ရလုပ်ရ အဆင်ပြေပါတယ်... "

" နေစမ်းပါဦး... နေတာရာ... မင်း အန်တီ့ကို ရွဲ့နေတာလား... "

သောက်ဂွပဲ... ။ သူ ဘာထပ်ပြောရတော့မည်မှန်း မသိတော့ ။
သူ့ System guide ကို စိတ်ထဲက တိုးတိုးလေး အကူညီ တောင်းလိုက်သည် ။

' ဟေ့... ငါ့ကို ကူညီဦး ... ဒီ ဘွားတော်ကြီးက ငါ့ကို ယုံတဲ့ပုံ မပေါ်ဘူး... '

ထို system guide ကောင်က သူ့ကို ဘာမှ ပြန်မဖြေလာပေ ။
ယီးလိုပဲ... ။ တကယ် အရေးကြီးတဲ့အချိန်ကျ ပျောက်သွားပြီ ။

' ဟေ့... သောက် အ ကောင်... မေးနေတာ ဖြေလေ... ငါ ဘွားတော်ကြီး ယုံအောက် ဘယ်လို ပြန် ပြောရမလဲ ဆိုတာ... လခွီးတဲ့မှ ... အရေးအကြောင်းဆို ဘယ်သွားသေနေတာလဲ ... '

ထိုစဥ် သူ့ပါးစပ်က အလိုလို ထိန်းချုပ်မရတော့ဘဲ သူမပြောပါဘဲနှင့် သူ့ဘာသာသူ စကားသံတွေ ထွက်လာတော့သည် ။

" မရွဲ့ပါဘူး အန်တီရယ်... ငလူးတဲ့မှ... ဒီ သောက်အန်တီကြီးကတော့  ... "

I accidentally became a Villain Prince (Completed) Where stories live. Discover now