Episode 10 (U+Z)

9.2K 867 26
                                    

အပိုင်း ၁၀

အမှန်တော့ နေတာရာသည် ထိုမျှ အ သော သူ တစ်ယောက်တော့ မဟုတ်ခဲ့ပေ ။
သူ့မှတ်ဉာဏ်ထဲတွင် ရှိနေသော နေတာရာ၏ memory များကို ဒီတစ်ခါတော့ သူပင် လေးစားရသည် ။

အမှန်တော့ တစ်ချိန်ချိန် ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာလျှင် ဖြေရှင်းရန် နေတာရာတွင် နည်းလမ်းရှိပြီး ဖြစ်သည် ။
ဤ ပြဿနာလောက်တော့ သူ ကောင်းကောင်းလေး ကိုင်တွယ် ဖြေရှင်းနိုင်ပါသေးသည် ။

ဒေါက်တာဘုန်းမြင့်မောင်၏ စရိုက်ကို သူ နဂိုထဲက သူ့ Memory အရ သိပြီးသားမို့ အိမ်က မထွက်လာခင်ကတည်းက အားလုံး စီစဥ်ထားပြီးသား ဖြစ်သည် ။

သူ အိတ်ထဲတွင် ထည့်ယူလာသော ဖိုင် တစ်ထပ်ကို စားပွဲပေါ် ပစ်တင်လိုက်သည် ။
ထိုသူက သူ ပစ်တင်လာသော ဖိုင်တစ်ထပ်ကို နားမလည်သလို ကြည့်လာလေသည် ။

" အဲ့မှာ ဖတ်ကြည့်လိုက်... "

သူ့အသံက အထက်စီးဆန်ဆန် ဖြစ်နေသောကြောင့် ဒေါက်တာဘုန်းမြင့်မောင် တစ်ယောက် ဇဝေဇဝါ ဖြစ်သွားပြီး စားပွဲပေါ်က ဖိုင်တွဲကို ကောက်ကိုင်ကာ ဖတ်လိုက်လေသည် ။

ဖတ်နေရင်း ထိုသူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကနာမငြိမ် ဖြစ်လာသည်ကို ခန့်လင်းအောင် အရသာခံပြီး ကြည့်နေလိုက်သည် ။

" မင်း... ဒါ... ဒါက... "

" ကျွန်တော်က ခင်ဗျားရဲ့ နောက်ကြောင်းကို သေချာမစုံစမ်းနိုင်ဘူးလို့ ခင်ဗျားက ဘယ်လိုများ တွေးနိုင်ရတာလဲ... ခင်ဗျားလို ကလိန်ကကျစ် တစ်ယောက်ကို ခိုင်းဖို့ဆိုရင် ခင်ဗျားကို နိုင်ရမယ့် နိုင်ကွက်လည်း ကျွန်တော့်မှာ သေချာပေါက် ရှိနေရမှာပေါ့... မဟုတ်ဘူးလား... "

အမှန်တော့ ဤ ကျည်ဆန်သည် နေတာရာတစ်ယောက် ဒေါက်တာဘုန်းမြင့်မောင် ကို နောက်ဆုံးကျည်ဆန်အနေဖြင့် ထိုးနှက်ရန် ထားခဲ့ပုံ ရပြီး ကံမကောင်းစွာပင် ဝတ္ထုထဲတွင် ထိုကျည်ဆန်ကို နေတာရာ ထုတ်မသုံးသွားနိုင်ခဲ့ပေ ။

" ခင်ဗျား အလုပ်စလုပ်ကာစ ကနေ အခုချိန်အထိ မှားယွင်းကုသမှုကြောင့် ဒုက္ခရောက်သွားတဲ့ လူနာတွေရယ်... ခင်ဗျား အလွဲသုံးစား လုပ်ထားတဲ့ ငွေစာရင်းတွေရယ် အားလုံး ရှိတယ်... ဒီတော့ ဒါတွေ အားလုံးကို ကျွန်တော် လူတိုင်းသိအောင် ချပြစေချင်သလား ဆိုတာတော့ ခင်ဗျား စဥ်းစားပေါ့... ဟင်းဟင်းဟင်း... "

I accidentally became a Villain Prince (Completed) Where stories live. Discover now