Episode 18(U+Z)

8K 717 28
                                    

အပိုင်း ၁၈

သူ ထိတ်လန့်စွာပင် ဖုန်းကို ခေါင်းအုံးအောက် ထိုးသွင်းလိုက်ပြီး မိုးသောက်ကြယ် ဘက်ကို လှည့်ကြည့်လိုက်သည် ။

" တာတာရေ... ကိုယ့်ကို တဘက်လေး ပေးပါဦး... ကိုယ်မေ့ပြီး တဘက် မယူသွားမိလို့... "

အော်... ဒါက တဘက် တောင်းတာပဲ ။

သူ အဝတ်စင်ထဲက ခေါက်ထားသော တဘက်လေးကို ယူပြီး ရေချိုးခန်းရှေ့သွားလိုက်သည် ။
မိုးသောက်ကြယ်က အဝတ်မပါဘဲ ရေချိုးခန်းထဲ မတ်တပ်ရပ်နေသည် ။

နေစမ်းပါဦး... ။ သူက ခုနကပဲ ငါ့ပါးစပ်ထဲ ပြီးထားတာ မဟုတ်လား ။
ဒါဖြင့်ရင် သူ့ဟာက ဘာလို့များ ပြန်ပြီး မာနေရတာလဲ ။

ခန့်လင်းအောင် တစ်ချက်ကြည့်ရင်း တံတွေးမျိုချလိုက်မိသည် ။
မိုးသောက်ကြယ်က သူ့ကို ပြုံးပြပြီး ပစ္စည်းကို ကိုင်ပြကာ ရှေ့တိုးနောက်ဆုတ် လုပ်ပြလေသည် ။

" တဘတ် ယူလိုက်ဦးလေ... "

" တာတာလေး... ကိုယ့်ကို ရေချိုးခန်းထဲမှာ တစ်ခါလောက် ထပ်မကူညီချင်ဘူးလား... "

အမှန်အတိုင်း ပြောရရင် သူ ကူညီပေးချင်ပါသည် ။
ကုသိုလ် ရရ မရရ ဒါက မိုးသောက်ကြယ်ရဲ့ ဆန္ဒကို ဖြည့်ပေးတာပဲလေ ။
ဒါပေမယ့် ခေါင်းအုံးအောက်မှာ ဖွက်ထားခဲ့သော ဖုန်းကို သတိရသွားသောအခါ သူ ငြင်းဖို့သာ တတ်နိုင်တော့သည် ။

" ဟင့်အင်း... ကျွန်တော် ပါးစပ်တွေ ညောင်းနေပြီ  ..."

" လုပ်ပါကွာ... ဒီတစ်ခါပြီးရင် မနက်အထိ လုံးဝ ငြိမ်ကျသွားမယ် ဆိုတာ ကိုယ် အာမခံ ပါတယ်... "

" တော်ပြီ... ရေသာ မြန်မြန် ချိုးပြီး ထွက်လာခဲ့တော့.... "

မိုးသောက်ကြယ်က သူ့ကို မကျေမချမ်း ပြောရင်း ကျန်ခဲ့လေသည် ။
သူ ပြုံးလိုက်ရင်း ရေချိုးခန်း တံခါးကို ပိတ်ပေးခဲ့လိုက်သည် ။

ထို့နောက် ကုတင်ဆီ ပြန်လာရင်း ရေချိုးခန်းထဲက ရေကျသံကို သူ နားစွင့်နေလိုက်သည် ။
မိုးသောက်ကြယ်ရေ... စိတ်တော့ မကောင်းပေမယ့် အဲ့မှာ ရေအေးနဲ့ လောင်းချိုးပြီးသာ စိတ်ကို ဖြေလိုက်ပါတော့ ။
ဒါမှမဟုတ် ငါ ရေခဲသေတ္တာထဲကနေ ရေခဲကော ယူပေးရဦးမလား ။

I accidentally became a Villain Prince (Completed) Where stories live. Discover now