Episode 6 (U+Z)

11.3K 976 31
                                    

အပိုင်း ၆

သူ အသံတိတ်သာ ကျိတ်ငိုနေလိုက်ရသည် ။
ဒါ ဘယ်လို အခြေအနေကြီးပါလိမ့် ။
ဒီနေ့ပဲ system ထဲကို ရောက်... ဒီနေ့ပဲ အဝိုက်ခံရတယ် ဆိုတာ သိပ်ပြီး သနားဖို့ ကောင်းမနေဘူးလား ။

ပြီးတော့ အမှန်အတိုင်း ပြောရရင် ခန့်လင်းအောင် က ဟိုဘက်ဘဝတုန်းက လူပျိုစစ်စစ် ဖြစ်သည် ။
ကိုယ်ဖင်ထဲကိုယ် လက်ညှိုးတောင် ထည့်ဖူးခဲ့တာ မဟုတ် ။

' guide ကောင်... ငါ့ကို ကယ်ဦးလေ... '

' အိမ်း... ဘယ်လို ကယ်ရမှာလဲ... မင်းအစား ငါ ဝင်လာလို့ ရတာလည်း မဟုတ်ဘဲနဲ့... '

' ချီး... အကောင်းပြောတာ... ငါ မလုပ်ချင်ဘူး... '

' system ထဲ စရောက်ကာစ လူတိုင်းကတော့ မင်းလိုပဲ ပြောကြတာပါပဲ Human ရဲ့... '

' လိလား... ငါ မကြိုက်ဘူး... '

' နေပါဦး.... မင်းက ဟိုအရင်ဘဝတုန်းက လူပျိုရည် မပျက်သေးတဲ့ ဗာဂျင်စစ်စစ်တော့ မဟုတ်ပါဘူးနော်... လုပ်ဖူးမှာပါ... ဟုတ်တယ်မလား  .. '

သူ့ကိုယ်သူ လူပျိုစစ်စစ်ဟု ဝန်ခံရမှာ ထိုမျှ ရှက်ဖို့ ကောင်းနေလိမ့်မည်ဟု သူ တစ်ခါမှ မထင်မိခဲ့ ။
အခုတော့ ဝန်ခံလိုက်သည်နှင့် guide ကောင်က သူ့ကို ကျိန်းသေပေါက် ဟားတော့မည် ။

' ဘာ... ဘာလို့ မလုပ်ဖူးရမှာလဲ... ငါ့အတွက် sex ကိစ္စဆိုတာ ရိုးနေပြီ... အရင်ဘဝကဆို ငါနဲ့ ဖြစ်ချင်တဲ့ သူတွေမှ ပေါလို့... '

' ဟုတ်ပါပြီ... မင်း ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါ့မယ် Human... ဟဲဟဲ... '

နောက်ဆုံးတော့ ဂိုက်ကောင်ဆီက အကူအညီ မရနိုင်မှန်း သေချာသွားပြီမို့ သူ စိတ်ကိုသာ လျှော့ချပြီး အတတ်နိုင်ဆုံး ကြိုးစားတော့မည်ဟု တွေးလိုက်သည် ။

' ထားလိုက်ပါတော့ ... ဘာပဲ ဖြစ်ဖြစ် ဒါကို system ထဲမှာအပိုဝန်ဆောင်မှု ပေးတယ်လို့ပဲ ငါ သဘောထားလိုက်တော့မယ်... '

" တာတာ  ... လာလေ... ရေချိုးခန်းထဲ သွားရအောင်... "

မိုးသောက်ကြယ် က သူ့ကို အတင်း ရေချိုးခန်းဆီ ခေါ်နေလေသည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now