Episode 40 (U+Z)

8.6K 826 158
                                    

အပိုင်း ၄၀

ကိုဇဏ်က သူ့ကို နှစ်သိမ့်ပြီး ထသွားဖို့ ပြင်လိုက်သည် ။
သူ ကိုဇဏ် အပြင်သို့ မသွားခင် ကိုဇဏ့်လက်ကို ကိုင်ပြီး တိုးတိုးလေး ပြန်ပြောလိုက်သည် ။

" ကိုဇဏ်... မြန်မြန် ပြန်လာခဲ့နော်... ပြီးတော့... ပြီးတော့... မိုးသောက်ကြယ် မပါလာပါစေနဲ့နော်... "

သူ တုန်လှုပ်နေသော အသံကို ကြိုးစားထိန်းကာ ပြောလိုက်သော်လည်း သူ့အသံက တုန်လှုပ်အက်ကွဲနေဆဲ ဖြစ်သည် ။
ကိုဇဏ်က သူ့ခေါင်းကို ဖွဖွလေး ပုတ်ပေးပြီး အားပေးသလို ပြန်ပြောလာသည် ။

" စိတ်မပူပါနဲ့... မပါလာစေရပါဘူး...  နေနေ့ သဘောအတိုင်း ဖြစ်ရပါစေ့မယ်... "

ဇဏ်မင်းမောင် အပြင်ရောက်လာတော့ သူ့ သက်တော်စောင့်များနှင့် ရုန်းရင်းဆန်ခတ် ဖြစ်နေသော မိုးသောက်ကြယ်ကို တွေ့လိုက်ရသည် ။
သူ သက်တော်စောင့်များကို အနောက်ဆုတ်ခိုင်းလိုက်ပြီး သူကိုယ်တိုင် မိုးသောက်ကြယ် နှင့် စကားပြောဖို့ ပြင်လိုက်သည် ။

" အော်... နောက်ဆုံးတော့ သူများမယား ခိုးထားတဲ့ကောင် ထွက်လာပြီပဲ... ဘယ်မှာလဲ... နေတာရာ... ငါ့ကို အခု ပြန်ထုတ်ပေး... "

သူ စိတ်လျှော့ကာ မိုးသောက်ကြယ်ကို ကောင်းကောင်းမွန်မွန် ရှင်းပြဖို့ ကြိုးစားလိုက်သည် ။

" ငါ သူ့ကို မင်းနဲ့ ပေးမတွေ့နိုင်ဘူး... ဘာလို့လဲ ဆိုတော့ သူ မနေ့ကမှ အဖျားကျသွားခဲ့တာ... ပြီးတော့ အရေးအကြီးဆုံးအချက်က သူ မင်းကို အခု မတွေ့ချင်သေးဘူး... "

မိုးသောက်ကြယ်က ဒေါသတကြီး ဆိုလာသည် ။

" ချီးကို မတွေ့ချင်ရမှာလား... ငါက သူ့ယောကျ်ားပဲ... သူ့ကို ငါ ပိုင်တယ်... ငါ့အိမ်ထောင်ဘက်ကို ငါပဲ ပြန်ခေါ်သွားမယ်... မင်းက ကြားထဲက ဝင်ပြီး ဆုံးဖြတ်ပေးစရာ ဘာသောက်ကြောင်းမှ မရှိဘူး... "

" မိုးသောက်ကြယ်... ခင်ဗျားရဲ့ အခုပုံစံကို ကြည့်လိုက်စမ်း... ဒီလောက် သောင်းကျန်းပြီး ပြဿနာ ရှာနေတာ... အခုမှ ​အဖျားကျကာစဖြစ်တဲ့ နေနေ့ကို ခင်ဗျားလက်ထဲကို ကျွန်တော်က ဘယ်လိုစိတ်နဲ့ ထည့်ပေးနိုင်မှာလဲ.... "

I accidentally became a Villain Prince (Completed) Where stories live. Discover now