Episode 29 (U+Z)

6.9K 713 117
                                    

အပိုင်း ၂၉

တစ်ရက်ထဲတွင် ပြဿနာများက ထိုမျှလောက် စုပုံသွားလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ဖူးခဲ့ ။
အခုတော့ သူ့ဘဝလေး ရေစုန်မျောလေပြီဟု ခန့်လင်းအောင် တွေးလိုက်မိသည် ။

" အစ်ကို့ကို ကျွန်တော်က စိတ်ထား ကောင်းတဲ့လူ ဆိုပြီး အထင်ကြီး လေးစားခဲ့တာ... အခုတော့ ဘယ်လို ဖြစ်ရတာလဲ... "

သူ့အနား ကပ်ပါးကောင်ကဲ့သို့ ကပ်နေတတ်သော ရှိန်းဝေယံကပင် ထိုသို့သော စကားမျိုး သူ့ကို ပြောလာလေသော အခါ သူ အတော်ပင် စိတ်ဓာတ်ကျသွားသည် ။

" အရင်က ကျွန်တော် မိုက်မှားပြီး လုပ်ခဲ့မိပေမယ့် အဲ့ဆေးဗူးကို ပြန်ယူပြီး မှန်တဲ့ဆေးနဲ့ ပြန်လဲ ပေးခဲ့ပါတယ်  ... "

" ရှင်အပိုတွေ ပြောမနေနဲ့ နေတာရာ... ရှင် ဆေးသွားယူတဲ့ ဆရာဝန်နဲ့ ကျွန်မ တွေ့ပြီးပြီ... ကိုမိုးသောက်ကြယ် သောက်မယ့် ဆေးကိုလည်း ရှင်ပဲ လဲခဲ့တာ မဟုတ်လား... "

ကြည့်ရတာ ထိုဆရာဝန်က မိုးသောက်ကြယ်၏ ညီမဆီမှ အကျပ်ကိုင် ခံရပြီး အမှန်အတိုင်း အားလုံး ပြောပြခဲ့သည် ထင်သည် ။

" အရင်တုန်းက မှားခဲ့တာပါ... ကျွန်တော် နောင်တရတော့ ဆေးတွေ အကုန်လုံးကို အမှန်အတိုင်း ပြန်လဲပေးခဲ့တာပါ... "

သူ့ကို မယုံလောက်ကြတော့ဘူး ဆိုတာကို သိသော်လည်း သူ တတ်နိုင်သလောက်တော့ ရှင်းပြချင်မိသည် ။
သို့သော်လည်း ထင်သည့်အတိုင်းပင် သူ့ကို ဘယ်သူမှ မယုံကြည်ကြပါပေ ။

သူ တစ်ချိန်က ရွှေပေါင်လုံးကြီးဟု တင်စားပြီး ချဥ်းကပ်ခဲ့သော သူ့ ယောက်ခမကြီး ဦးသုခစံပင်လျှင် သူ့ကို စိတ်ပျက်သလို ကြည့်ကာ သက်ပြင်းချရင်း အပေါ်ထပ်ကို တက်သွားလေပြီ ။
ကျန်သည့် မိသားစုဝင်များကတော့ သူ့ကို အမဲဖျက်ဖို့ စောင့်နေကြသည့်နှယ် စူးရဲစွာ ကြည့်နေကြလေသည် ။

" မင်းလို လူစိတ်မရှိတဲ့ ကောင်လေးကို ငါ့သား အိမ်ထောင်ဘက်အဖြစ် လက်ခံခဲ့မိတာ ငါ မှားတာပဲ... "

ဒေါ်လင်းသီရိ က ပြောနေရင်း ဒေါသတွေ ထွက်လာပုံ ပေါ်ကာ မတ်တပ်ရပ်လာပြီး သူ့အနီးသို့ ရောက်လာလေသည် ။
ထို့နောက်တွင် သူ့ပါးကို ဘယ်ပြန်ညာပြန် နှစ်ချက် ရိုက်လိုက်လေသည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now