Episode 16 (U+Z) 🛑⛔🚫

13.1K 802 48
                                    

အပိုင်း ၁၆

" ဟို.... ဟိုလေ... ဒါပေမယ့် ထူးထူးဆန်းဆန်း ပစ္စည်းတွေ....  အဲ့တာတွေ... အဲ့တာတွေကို မသုံးလို့ ရမလား... "

သူ့ပထမဆုံး အကြိမ်ကို ထို BDSM ပစ္စည်းများဖြင့်သာ စတင်ရမည် ဆိုလျှင် သူ သေလိမ့်မည် ထင်သည် ။
သူ ပြောလိုက်သည့် စကားကို မိုးသောက်ကြယ်က ရုတ်တရက် နားမလည်သလို စဥ်းစားနေပြီးမှ ခဏအကြာ သဘောပေါက်သွားသလိုဖြင့် ပြုံးလာလေသည် ။

" ဘာလို့လဲ... တာတာ အရင်က အဲ့တာတွေကို သိပ်ကြိုက်ခဲ့တာ မဟုတ်လား... "

" အရင်က ကြိုက်ပေမယ့် အခု ကြိုက်ချင်မှ ကြိုက်တော့မှာပေါ့... "

" အိုကေ... ဟုတ်ပါပြီဗျာ... "

ကားက ဟိုအရင်တစ်ခါက သူတို့ သွားခဲ့သော Cherry Blossom ဟိုတယ် ဆီသို့ ဦးတည်ကာ သွားနေလေသည် ။
ဘုရားရေ... ။ ငါ့ဘဝက အပျိုရည် ပျက်တော့မယ့် မိန်းမပျိုလေး ကျနေတာပဲ ။
ဇာတ်လမ်းဇာတ်ကွက်ကြီးကလည်း စိတ်ပျက်စရာကောင်းလိုက်တာ ။

သို့သော်လည်း ဤအရာသည် သူ တစ်ချိန်တွင်တော့ ဝတ္ထုထဲတွင် မလွဲမသွေ ကြုံလာရမည့် အရာဖြစ်သည် ။
သူ ရှောင်ထွက်သွားရုံနှင့် ပြီးသွားမည့်အရာမဟုတ် ။
နောက်လည်း ရင်ဆိုင်ရမယ့် အတူတူတော့ အခုထဲက စောစောစီးစီး ရင်ဆိုင်လိုက်တာပေါ့... မဟုတ်ဘူးလား ။

မိုးသောက်ကြယ်က အခန်းကို ပြောင်းယူဖို့ reception ကို ပြောနေသည်ကို သူ ကြားရတော့မှ သက်ပြင်းချနိုင်တော့သည် ။
ဒါဆိုရင် ဟိုတစ်ခါကလို sex toy မျိုးစုံ ရှိတဲ့ အခန်းကို သူတို့ ဝင်စရာ မလိုတော့ဘူးပေါ့ ။

ဟိုတယ်အခန်းက suite အခန်း ဖြစ်ပြီး ကျယ်ကျယ်ဝန်းဝန်းနှင့် အဆင့်မြင့်မြင့် ရှိသည် ။
အခန်းထဲ စရောက်ကတည်းက မိုးသောက်ကြယ်က သူ့ကို စားတော့ဝါးတော့မည့် မျက်လုံးများဖြင့် ကြည့်နေလေသည် ။
သူ့အနေဖြင့် ဒီလို အခြေအနေကြီးကို တကယ်ပင် အသားမကျနိုင်သေးပေ ။

ရင်တွေကလည်း တဒုန်းဒုန်း တဒိုင်းဒိုင်းကို ခုန်နေတော့တာပဲ ။
ကောင်းပြီလေ... ရှောင်ထွက်မရတော့ဘူး ဆိုမှတော့ ဘာလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ် ဆိုတဲ့ စကားအတိုင်းပဲ အကောင်းဆုံး ဝန်ဆောင်မှု ပေးလိုက်တာပေါ့ ။

I accidentally became a Villain Prince (Completed) Where stories live. Discover now