Erxtra Side Story Episode 4 (Slightly 🚫⛔)

4.3K 342 45
                                    

အချပ်ပို အပိုင်း ၄

ထိုနေ့က ဦးဇဏ်ကို သူ စားသောက်ဆိုင်သို့ လိုက်ပို့ပေးရလေသည် ။
ဦးဇဏ်က ထိုနေ့ကတော့ သပ်သပ်ရပ်ရပ် သားသားနားနား ဝတ်စားထားကာ ခန့်ညားချောမောနေခဲ့သည် ။

ဒီလောက်ချောမောတဲ့ ဦးဇဏ်ကိုမှ ပစ်သွားပြီး တခြားလူနဲ့ လက်ထပ်လိုက်တဲ့ နေတာရာ ဆိုသူကို Eric နားမလည်နိုင်ပေ ။
သူသာဆိုရင် ဦးဇဏ်ကိုသာ ကျိန်းသေပေါက် ရွေးလောက်သည် ။

အသိသာကြီးပဲလေ... ။
ဦးမိုးသောက်ကြယ်လို ရေပေါ်ဆီ လူ့ဘော်ကြော့ ပုံစံထက် ဦးဇဏ်လို သန်သန်မာမာ ကြံ့ကြံ့ခိုင်ခိုင် ပုံစံက အများကြီး စွမ်းဆောင်ရည် ပိုကောင်းပြီး သက်လုံလည်း ကောင်းလိမ့်မယ်ဆိုတာ ။
ဦးဇဏ်ကသာ သူ့ကို လက်ဖျားနဲ့ မတို့တာ... သူကတော့ အဆုံးစွန်အထိ မျှော်လင့်နေပြီး ဖြစ်သည် ။

" Eric... အိမ်ပြန်ရင်လည်း ပြန်လေ... အပြန်ကျရင် ငါ Taxi ငှားပြီးပဲ ပြန်လာခဲ့လိုက်မယ်... "

" ရပါတယ်... ကျွန်တော် ဒီမှာပဲ စောင့်ပေးပါ့မယ်... ယောကျ်ားကို စိတ်မချလို့ ဆိုင်ဝမှာ လာစောင့်နေတဲ့ ဇနီးလေးပေါ့... ဟဲဟဲ... "

ဦးဇဏ်က သူ့နဖူးကို ခပ်ဖွဖွ တောက်လိုက်ပြီး ရယ်နေလေသည် ။

" ပေါက်ကရတွေ ပြောမနေနဲ့... ညစာလည်း မစားရသေးဘူးဆိုတော့ ဆိုင်ထဲမှာ ညစာစားရင်းပဲ စောင့်နေလိုက်တော့... "

သူ အစက ငြင်းဖို့ ကြံလိုက်သော်လည်း နောက်တော့ ဦးဇဏ်၏ ချစ်သူဟောင်းဖြစ်သူ နေတာရာ၏ ပုံစံကို သူ အသေးစိတ် မြင်ချင်မိသွားသည် ။
ပုံထဲတွင် မြင်ဖူးသော်လည်း အပြင်မှာတော့ တစ်ခါမှ မမြင်ဖူးသေးသောကြောင့် မလှမ်းမကမ်းတွင် ညစာထိုင်စားရင်း စောင့်ကြည့်နေလိုက်မည်ဟုသာ တွေးထားလိုက်တော့သည် ။

သူ ခဏနေ ဆိုင်ထဲရောက်သွားတော့ ထို နေတာရာဆိုသူကို သေသေချာချာ ကြည့်ပြီး အကဲခတ်လိုက်သည် ။
သူ့လောက်နီးနီးချောပေမယ့် သူ့လိုတော့ ဆွဲဆောင်မှု မရှိပါဘူး ။
အမှန်ဆို ဦးဇဏ်အနေနဲ့ သူများနဲ့ ယူထားပြီးသား နေတာရာ ဆိုသူကို မျှော်နေမယ့်အစား ဘေးနားမှာ နီးနီးနားနား ရှိနေတဲ့ သူ့ကိုသာ ရွေးခြယ်လိုက်သင့်တာ မဟုတ်ဘူးလား ။

I accidentally became a Villain Prince (Completed) Where stories live. Discover now