Episode 35 (U+Z)

7.9K 809 248
                                    

အပိုင်း ၃၅

မိုးသောက်ကြယ်တစ်ယောက် နေတာရာ ထွက်သွားပြီးကတည်းက စိတ်က ဂနာမငြိမ် ဖြစ်နေမိသည် ။
သူ ဘီယာတွေ တစ်ဗူးပြီး တစ်ဗူး ဖွင့်သောက်နေလိုက်သည် ။
ထို့နောက် စိတ်ထဲကလည်း ဒေါသတကြီး ကျိန်ဆဲနေမိသေးသည် ။

ချီးကိုပဲ အလုပ်လုပ်... ။ ဘာ သောက်အလုပ်က လုပ်ဦးမှာလဲ ။
အိမ်မှာဖြင့် အလုပ်သမားတွေမှ ပေါလို့ကို ။
ပြီးတော့ အရင်တုန်းကလည်း ဘာအလုပ်ကြမ်းမှ လုပ်ဖူးတာ မဟုတ်ဘဲနဲ့ ။
သောက်ပိုလုပ်ပြီး ခြံထဲမှာ အလုပ် လုပ်မယ်က ပြောသေးတယ် ။

နောက်ဆုံးတော့ သူ စိတ်ရှုပ်စွာနှင့်ပင် အလုပ်သမား ခေါင်းဆောင် ဖြစ်သူကို ခေါ်လိုက်သည် ။
အလုပ်သမားခေါင်းက သခင်တွေကိုဆို ဖားယားနေကျ ဖြစ်သောကြောင့် အလိုက်သိစွာပင် အပြေးရောက်လာလေသည် ။

" သခင်လေး... ပြောပါ... "

" ခုနက မင်းတို့ တန်းလျားကို နေတာရာ ပြောင်းလာတယ် မဟုတ်လား... "

" ဟုတ်ပါတယ် သခင်လေး... "

အလုပ်သမား ခေါင်း​ဆောင်က တစ်ခုခု ရိမ်မိသွားပုံဖြင့် ပြုံးလိုက်သည် ။

" အာ... သခင်လေး စိတ်မပူပါနဲ့ ... သူ့ကို အညံ့ဆုံး အခန်းမှာထားပြီး အလုပ်တွေ အများဆုံး လုပ်ခိုင်းလိုက်ပါ့မယ် ..."

မိုးသောက်ကြယ် သူ့ဘေးတွင် ချထားသော ဘီယာဘူးခွံနှင့် အလုပ်သမားခေါင်းဆောင်ကို ပစ်ပေါက်ပြီး ဒေါသတကြီး ပြောလိုက်သည် ။

" ချီးကို မင်းက အရမ်းတော်နေတာလား... ငါတောင် ဘာမှ မပြောရသေးဘဲ မင်းက သောက်လုပ်မဟုတ်တဲ့ နေရာမှာ သောက်ရမ်းတွေ ကြိုးစားနေတယ်ပေါ့ ဟုတ်လား... "

အလုပ်သမားခေါင်း​​ဆောင်က သူ အမှားလုပ်မိသွားသည်ကို သိသွားပုံဖြင့် တောင်းပန်နေတော့သည် ။

" မဟုတ်ပါဘူး... တောင်းပန်ပါတယ် သခင်လေး... "

မိုးသောက်ကြယ် က စိတ်လျှော့လိုက်ပြီး မေးခွန်းများ ဆက်မေးနေလိုက်သည် ။

" သူ ဘယ်အခန်းမှာ နေနေတာလဲ... "

" အရင်က သခင်လေး ညည့်ခေတ်ယံ နေသွားတဲ့ အခန်းမှာပဲ နေနေတာပါ... "

I accidentally became a Villain Prince (Completed) Where stories live. Discover now