Episode 12 (U+Z)

8.6K 851 48
                                    

အပိုင်း ၁၂

အမှန်တော့ ခြံဝန်းကြီးက ကျယ်လွန်းသည်မို့ သူ ဦးသုခစံကို ဘယ်ကို ခေါ်ပြီး လျှောက်ရမလဲဟု အစက စဥ်းစားရ ခက်နေခဲ့သေးသည် ။
သို့သော်လည်း နောက်ဆုံးတွင်မူ ဦးသုခစံ ညွှန်ပေးသည့် အတိုင်းပင် အတူ လျှောက်ပေးလိုက်ရင်း အဆင်ပြေသွားလေသည် ။

" မောင်နေတာရာ... အရှေ့နားလေးကျရင် ခုံတန်းမှာ ခဏ ထိုင်ရအောင်... "

" ဟုတ်ကဲ့ အ...အဖေကြီး... "

" ရပါတယ်... မောင်ရင် အဆင်ပြေသလို ခေါ်ပါ... ချက်ချင်းကြီးတော့ လွယ်ကူဦးမှာ ဘယ်ဟုတ်ပါ့မလဲ  ... "

ဦးသုခစံက လူကြီးလူကောင်းဆန်ပြီး သဘောထားကြီးပုံရလေသည် ။

ဝတ္ထုထဲတွင် နေတာရာ၏ အကြံအစည်များ ပေါ်သွား၍ တစ်အိမ်လုံးက နှိပ်စက်နေချိန်တွင် နေတာရာ့ကို ဘာမှ အပြစ်မပေးခဲ့သော တစ်ဦးတည်းသော သူလည်း ဖြစ်လေသည် ။

အကယ်၍သာ ဦးသုခစံ ဒီ့ထက် ၁၅ နှစ်လောက် ငယ်နေလျှင် သူ သားဖြစ်သူကို မကြိုက်ဘဲ အဖေကို သွားကြိုက်မိလောက်သည် ။
ထိုသို့ တွေးမိသောအခါ ဒေါ်လင်းသီရိ၏ လက်သံကို တွေးမိရင်း သူ့ပါးတွေ ယားလာရပြန်သည် ။

သူတို့ ခုံတန်းလေးတွင် ထိုင်နေသည့်အချိန်တွင် ဦးသုခစံက သူ့ကို မေးလာလေသည် ။

" မောင်နေတာရာလည်း နယ်မှာတုန်းက ဦးလေး သားအနားမှာ နေပေးရင်း ပင်ပန်းခဲ့ရမှာပဲနော်  ... "

ဦးသုခစံ၏ ကြင်နာစကားကြီးသည် သူ့အတွက်တော့ အနာကို တုတ်နှင့် ရိုက်လိုက်သလိုပင် ။
နေတာရာဆိုသည့်ကောင်က ဘယ်တုန်းကများ မိုးသောက်ကြယ်နှင့်အတူ ဒုက္ခ ခံပေးဖူးတာ ရှိခဲ့လို့တုန်း ။

" အော်... အင်း... ဒါတွေက အရေးမကြီးပါဘူး အဖေကြီးရယ်... "

သောက်ရှက်မရှိတဲ့ကောင် ။ ဗြောင်က လိမ်လိုက်သေးသည်ဟု သူ့ကိုယ်သူ ကျိန်ဆဲလိုက်မိသည် ။

" ဘာပဲ ဖြစ်ဖြစ် မိုးသောက်ကြယ်ကို ဂရုစိုက်ပေးပါ မောင်နေတာရာ... ဦးရဲ့ သားလေးက ငယ်ငယ်တည်းက တစ်ခုခုဆို သိပ်ပြီး အစွဲအလန်း ကြီးတာ... တစ်ယောက်ကို ချစ်ပြီးရင်လည်း ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ဘူး... "

I accidentally became a Villain Prince (Completed) Where stories live. Discover now