Extra Side Story Episode 17

4.1K 358 57
                                    

အချပ်ပို အပိုင်း ၁၇

ဦးဇဏ်က ဖုန်းကို ကိုင်လိုက်သည်ကို တွေ့လိုက်တော့ Eric ရင်ထဲ အနည်းငယ် နာကျင်မှုတော့ ဖြစ်သွားရသည် ။
ခုနကပဲ သူ့ကို လက်ထပ်ချင်ပါတယ်လို့ ပြောခဲ့တဲ့ ယောကျ်ားက အခုတော့ မမေ့နိုင်တဲ့ အချစ်ဦးဆီက ဖုန်းလာတာနဲ့ တန်းကိုင်တာပဲတဲ့လား ။
ဒါက သူ့ကို ပြက်ရယ်ပြု လှောင်ပြောင်နေသလိုပင် Eric ခံစားရသည် ။

" ဟဲလို... နေနေလား.... "

ဦးဇဏ်က သူ့ကို မဝံ့မရဲ ကြည့်ကာ ဖုန်းကို ပြန်ဖြေနေခြင်းဖြစ်သည် ။
မသိလျှင် မယားကြီးရှေ့တွင် အသစ်ရှာပြီး ဖောက်ပြန်နေသောသူနှင့်ပင် တူနေသေးသည် ။
သူ ဦးဇဏ်ကို အေးစက်စူးရှသော အကြည့်များ ပစ်လွှတ်လိုက်သည် ။
ဦးဇဏ်က သူ့ကို ရှင်းပြချင်နေပုံနှင့်ကြည့်လာသည် ။

" ပြောကြလေ... ကျွန်တော် မနှောင့်ယှက်တော့ဘူး... "

သူ ဦးဇဏ်ကို နောက်ဖေးခန်း၌ပင် ထားခဲ့လိုက်ပြီး အိပ်ခန်းထဲသို့ ပြန်ဝင်သွားလိုက်သည် ။
ဦးဇဏ်က သူ့ကို ရှင်းပြချင်နေပုံနှင့် ကြည့်လာသော်လည်း သူ့အနောက်သို့ မလိုက်လာခဲ့ပေ ။
ထိုအစား နောက်ဖေးခန်း၌သာ နေခဲ့ပြီး ဦးနေနှင့် ဖုန်းပြောနေလေသည် ။

" ကိုဇဏ်လား... ကျွန်တော် နေတာရာပါ... "

တစ်ဖက်က ရွှင်ပျအေးဆေးနေသော အသံကို ကြားလိုက်တော့ ဇဏ်မင်းမောင် စိတ်အေးသွားရသည် ။
နေတာရာ့ကို ပူပန်ရခြင်း ၊ စိတ်ပူရခြင်းက သူ့အတွက် အမြဲတမ်း ဝတ္တရားတစ်ရပ်လို ဖြစ်ခဲ့ပုံရသည် ။
နေနေက မိုးသောက်ကြယ်နှင့် အဆင်ပြေသွားသည်ဟု ပြောလာခဲ့သည့်တိုင် သူ နေနေ့ကို စိတ်ပူနေသော အလေ့အကျင့်က သူ့ထံ စွဲမြဲ၍ ကျန်နေခဲ့သေးပုံရလေသည် ။

" အင်း.. နေနေ... အားလုံး အဆင်ပြေတယ် မဟုတ်လား... "

နေနေ တစ်ခုခု အဆင်မပြေလျှင် သူ့ဘက်က လုပ်ပေးစရာရှိသည်ကို လုပ်ပေးဖို့ အသင့်ဖြစ်နေခဲ့သည် ။
ဒါကလည်း ချစ်သောစိတ်ကြောင့် မဟုတ်တော့ဘဲ သံယောဇဥ်လက်ကျန်တို့ကြောင့်သာ ဖြစ်ပေမည် ဆိုသည်ကို ဇဏ်မင်းမောင် နားလည်ပါသည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now