Extra Side Story Episode 10

3.7K 342 54
                                    

အချပ်ပို အပိုင်း ၁၀

" Eric... မင်း ဘာတွေ ဖြစ်နေတာလဲ... ရူးနေတာလား... "

ဦးဇဏ်က သူ့ကို ချက်ချင်း အားဖြင့် ဆောင့်ကာ တွန်းထုတ်လိုက်သောကြောင့် သူ အနောက်သို့ လန်ကျသွားလေသည် ။

" ကျွန်တော်... ကျွန်တော် တောင်းပန်ပါတယ် ဦးဇဏ်... "

သူ ဦးဇဏ်ကို ပြန်လည် ရှင်းပြဖို့ ကြိုးစားလိုက်မိသည် ။
ခုနက အပြုအမူသည် သူ ရုတ်တရက် စိတ်လွတ်သွားပြီး စိတ်ရူးပေါက်သွားခြင်းမျှသာ ဖြစ်ကြောင်း ရှင်းပြလိုသည် ။
သူ အမြဲတမ်း ဖုံးကွယ်ဖို့ ကြိုးစားခဲ့ရသော အရာတစ်ခု မမျှော်လင့်ဘဲ ပေါ်ပေါက်သွားရခြင်း ဖြစ်ကြောင်း ပြောပြလိုသည် ။

သို့သော် ကမ်းလိုက်သော သူ၏ လက်ကို ဦးဇဏ်က ပုတ်ချလိုက်ပြီး သူ့ကို ရွံရှာသော မျက်လုံးများဖြင့် ကြည့်လာခဲ့လေသည် ။

" ဦးဇဏ်... ကျွန်တော်... ရှင်းပြ... "

" မင်း ဘာမှ ရှင်းပြမနေနဲ့တော့... မင်းကိုငါ မယုံကြည်တော့ဘူး... မင်းက ငါတို့နှစ်ယောက်ကြားက ဖြူစင်မှုကို အရောင်ဆိုးပစ်လိုက်တာပဲ Eric... "

သူ ကျလုလု ဖြစ်နေသော မျက်ရည်တို့ကို ထိန်းလိုက်ပြီး သူ့ မူလပုံစံဖြစ်သော ပျော်ရွှင်နေတတ်သည့်ပုံစံကို ကြိုးစားပြီး ပြောင်းလဲပြလိုက်သည် ။

" ကျွန်တော်... ကျွန်တော်က ဦးဇဏ် အဲ့လောက်အထိ ကျွန်တော့်ကို ရွံရှာမုန်းတီးနေမှန်း မသိခဲ့လို့ပါ... "

" မင်း နောက်တစ်ခါ ငါ့အပေါ် မရိုးမသားစိတ် ထားနေဦးမယ်ဆိုရင် အိမ်ပေါ်ကနေဆင်းတော့... "

" ကောင်းပါပြီ... ကျွန်တော် နားလည်ပါပြီ ဦးဇဏ်... "

" ငါ့စိတ်ထဲမှာ နေနေတစ်ယောက်ပဲ ရှိတယ် Eric... "

ဦးဇဏ်က ပြောပြီးသည်နှင့် သူ့အနားက ထွက်သွားလေတော့သည် ။
သူ ကောင်းသော လက်တစ်ဖက်ကို အသုံးပြုပြီး ဒဏ်ရာရနေသည့် သူ့လက်ကို ဆေးထည့်လိုက်ရသည် ။

ဦးဇဏ် အနားမှာ မရှိတော့သော အခါတွင်မှ သူ နာကျင်စွာ ငိုကြွေးပြီး မျက်ရည်ကျမိလေတော့သည်   ။

I accidentally became a Villain Prince (Completed) Where stories live. Discover now