Episode 31 (U+Z)

7.5K 752 68
                                    

အပိုင်း ၃၁

ဇဏ်မင်းမောင်က ခပ်တည်တည်ဖြင့် အခန်းထဲသို့ ဝင်ရောက်လာလေသည် ။
ထို့နောက်တွင် သူ့အနီးသို့ ရောက်လာပြီး သူ့ကို စိုးရိမ်သလို ကြည့်လာသည် ။

" နေနေ... အဆင်ပြေရဲ့လား... ဘယ်လိုဖြစ်ပြီး ထိခိုက်သွားရတာလဲ...  "

" အာ... ကျွန်...ကျွန်တော် အဆင်ပြေပါတယ် ကိုဇဏ်... မတော်တဆ ဖြစ်သွားတာပါ...  "

ဇဏ်မင်းမောင်က ညည့်ခေတ်ယံကို တစ်ချက် စိုက်ကြည့်လိုက်ပြီးမှ ထပ်မေးလာသည် ။

" ဟိုအမြှောင်မယားကို တောင်းပန်ရမယ် ဆိုတာတောင်မှ နေနေ အဆင်ပြေနေသေးတာလား... "

မိုးသောက်ကြယ်က သည်းမခံနိုင်တော့သည့် ပုံဖြင့် ဇဏ်မင်းမောင်အနား ရောက်လာပြီး ဇဏ်မင်းမောင်ကို ဒေါသတကြီး ဆောင့်ဆွဲလိုက်သည် ။

" ဘယ်သူက အမြှောင်မယားလဲ... မင်းသာ သူများ မယားကို ကြာကူလီ လုပ်ချင်နေတာ မဟုတ်လား... "

ဇဏ်မင်းမောင်က မိုးသောက်ကြယ်၏ လက်ကို တွန်းဖယ်လိုက်ပြီး မိုးသောက်ကြယ်ကို မျက်နှာချင်းဆိုင်ကာ ရင်ဆိုင်လိုက်သည် ။

" မင်းကကော... ဘာထူးလို့လဲ... အိမ်ထောင်ဘက် တစ်ယောက်လုံးကို ငုတ်တုတ်ကြီး ထားပြီး မင်းရဲ့ အမြှောင်မယားနဲ့ ပျော်ပါးနေတာလေ... "

" အမြှောင်မယား မဟုတ်ဘူးကွ... အဲ့တာ ငါ့ချစ်သူ... "

ဇဏ်မင်းမောင်က ပြုံးလိုက်ရင်း သူ့လက်ကို ကိုင်လာကာ မိုးသောက်ကြယ် အရှေ့၌ပင် ရင်ဘတ်ပေါ်သို့ တင်လိုက်သည် ။

" အဲ့လိုပြောကြေးဆို နေတာရာကလည်း ငါ့ချစ်သူပဲလေ... မင်း ဘာပြောဦးမလဲ... "

မိုးသောက်ကြယ်က ရှူးရှူးရှားရှား ဖြစ်သွားပြီး သူ့လက်ကို ဆုပ်ကိုင်ထားသော ဇဏ်မင်းမောင်၏ လက်တို့ကို အတင်း ဆွဲဖြုတ်ချလေသည် ။

" ဇဏ်မင်းမောင်.... ခင်ဗျား နေတာရာ့ လက်ကို လွှတ်လိုက်နော်  ... နေတာရာက အခုထိ ကျွန်တော့် အိမ်ထောင်ဘက်ပဲ ဆိုတာ ခင်ဗျား မှတ်ထား... "

ဇဏ်မင်းမောင်က တဟားဟားရယ်ရင်း ထလာပြီး မိုးသောက်ကြယ်၏ ပုခုံးကို ပုတ်ကာ တွန်းလိုက်သည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now