Episode 14 (U+Z)

8.3K 809 34
                                    

အပိုင်း ၁၄

တစ်နေကုန် ပင်ပန်းပြီး ညဘက်ရောက်တော့ သူ အတော်လေး နားချင်နေပြီ ဖြစ်သောကြောင့် အိပ်ယာထဲ ရောက်သည်နှင့် လူက ငိုက်ပြီး အိပ်ချင်လာသည် ။
မအိပ်ခင် မိုးသောက်ကြယ် ဆီက ဖုန်းဝင်လာသောကြောင့် သူ့မှာ အိပ်ချင်မူးတူးနှင့် ပြောလိုက်ရသေးသည် ။

" ကိုယ် သဘက်ခါ ကျရင် ပြန်လာမယ်နော် တာတာ... တာတာ့အတွက်လည်း လက်ဆောင်တွေ ဝယ်လာမယ်... "

" ရပါတယ်... အလေးခံပြီး သယ်မနေပါနဲ့... "

" အရမ်းလွမ်းတယ်နော်... "

" အင်း... လွမ်းတယ်... "

သူ့မှာ မြန်မြန်စကားဖြတ်ပြီး အိပ်ဖို့ ကြံရတော့သည် ။
ရုတ်တရက် သူ့ဖုန်းက မီးစိမ်းလင်းလာပြီး စာဝင်သည့် အချက်ပေးသံ ထွက်လာလေသည် ။

" မနက်ဖြန် နေ့လည် ၂နာရီ အခန်းထဲကို လာခဲ့... "

ဖုန်းနံပါတ်ကို ကြည့်ပြီး သူ တိုးတိုးလေး ဆဲလိုက်သည် ။
ချီးလိုကောင် ရှိန်းဝေယံ... ။

' ဟေ့ကောင်... ဂိုက်ကောင်.... မင်းပဲ ပြောကြည့်စမ်း... လူ တစ်ယောက်က အဲ့လောက်အထိတောင် ညစ်တီးစုတ်ပြတ်တာတွေကို လုပ်နိုင်ပါ့မလားလို့  ... '

' ငါက ဘယ်သိမလဲ ဟူးမန်းရ... '

' မသိရင် လိမို့လို့ အဲ့လောက် ညစ်တီးစုတ်ပြတ်နေတဲ့ ခန္ဓာကိုယ်ထဲကို ငါ့ကို ထည့်ပေးထားရတာလဲ... '

' ဒါကိုက မင်းလုပ်ရမယ့် mission လေ... mission သာ မရှိရင် မင်း အစထဲက လေလွင့်ဝိဉာဥ်ဖြစ်ပြီး သေနေလောက်ပြီ.. '

' မင်းပြောကြည့်စမ်း... ငါ မနက်ဖြန် ရှိန်းဝေယံကို သွားတွေ့ရင် တစ်ခါထဲ လက်စတုံးပြီး သတ်လိုက်ရမလား... '

' system ထဲမှာ လူသတ်ရင် ချက်ချင်း အထုတ်ခံရပြီး မင်းသေသွားမှာနော်... ' .

' မသတ်ပါဘူး... သောက်ပိုတွေ... ပါးစပ်အားနေလို့ ပြောကြည့်တာ... '

သူ ဗလုံးဗထွေး ပြောရင်း ခေါင်းတွေလည်း မူးလာပြီ ဖြစ်သောကြောင့် အိပ်ပျော်အောင်ပင် အိပ်လိုက်ရတော့သည် ။

*********************

ယနေ့တော့ နေ့လည် ၂ နာရီအထိ သူ့မှာ လုပ်စရာ ဘာမှ ရှိမနေပေ ။
ဟင်း တစ်ခွက်လောက် ဆင်းချက်လိုက်ဦးမလား  တွေးသော်လည်း နေ့လည် ၂ နာရီမှာ ကြုံမည့် ကိစ္စကြောင့် သူ့ရင်ထဲ မအေးနိုင်ပေ ။

I accidentally became a Villain Prince (Completed) Where stories live. Discover now