Extra Side Story Episode 15

4.1K 357 63
                                    

အချပ်ပို အပိုင်း ၁၅

" မင်း ပြန်မလိုက်မချင်း ငါ ဒီရွာမှာပဲ မင်းနဲ့ အတူနေမှာ Eric... "

ဇဏ်မင်းမောင်က သူ့ဆုံးဖြတ်ချက်ကို ပြတ်သားစွာ ပြောလာသောကြောင့် Eric တစ်ယောက် အံ့သြသွားရသည် ။
ဦးဇဏ်ဆိုသည့် လူမျိုးက သူ့အလုပ်နှင့် ဦးနေက လွဲလျှင် တခြား ဘာကိုမှ ဦးစားမပေးတတ် အချိန်မပေးတတ်သူဖြစ်သည် ။
ထိုသို့သော သူမျိုးက သူ့ကို ပြန်မလိုက်မချင်း စောင့်၍ ခေါ်မည်ဆိုတော့ Eric တကယ် အံ့သြသွားမိသည် ။

" ဦးဇဏ် ကိုယ့်အိမ်ကိုယ် ပြန်လိုက်ပါ... ကျွန်တော်က ဘယ်တော့မှ ပြန်လိုက်မှာ မဟုတ်လို့ အချည်းနှီး အချိန်ကုန်ခံမနေပါနဲ့... "

" ဒါပေမယ့် ငါကတော့ လက်မလျှော့နိုင်ဘူး... "

ဦးဇဏ်က ပြောပြီး သူ့လက်ကို ဆုပ်ကိုင်လာမည်ပြုတော့ ကိုRicky က ဦးဇဏ်၏ လက်ကို ဖမ်းချုပ်ကာ ဟန့်တားလိုက်သည် ။

" သူက မလိုက်ချင်ဘူး ပြောနေတယ်လေ... ခင်ဗျားက ဘာလို့ အတင်းလိုက်ခေါ်နေရတာလဲ... "

ဦးဇဏ်က ကိုRicky ၏ လက်ကို နောက်လက်တစ်ဖက်ဖြင့် ပြန်လည်ချုပ်ကိုင်လိုက်သည် ။
ကိုRicky က ဦးဇဏ်ကို ပြန်တိုက်ခိုက်ဖို့ ပြင်လာသည် ။
သူ ကိုRicky ကို ပြန်ဆွဲပြီး ဖျန်ဖြေလိုက်ရသည် ။

" ရန်မဖြစ်ပါနဲ့ ကိုကြီး Ricky... ကျွန်တော်တို့ အိမ်ပြန်ကြတာပေါ့... "

ကိုRicky က ဦးဇဏ်ကို ချုပ်ကိုင်ထားသော လက်တို့ကို ပြန်လွှတ်ပေးပြီး သူ့ကို ဆွဲခေါ်လာသည် ။
နှစ်ယောက်လုံး ဆိုင်ကယ်ရပ်ထားသည့်နေရာနား ရောက်သည်အထိ ဦးဇဏ်က အနောက်က လိုက်လာလေသည် ။

မိRum ကတော့ သူတို့သုံးယောက်ကို ကြည့်ပြီး မျက်နှာချိုသွေးပြနေသည် ။
ကိုRicky နှင့် Eric တို့ဆီမှ ဒေါသတကြီး အကြည့်တို့ကို ရင်ဆိုင်လိုက်သည့်အခါတွင် မိRum တစ်ယောက် အပြစ်လုပ်ထားသူလို ဇက်ကလေးပု၍ ငြိမ်သွားရလေသည် ။

" Eric... ငါ့ဆိုင်ကယ်နဲ့ ပြန်လိုက်ခဲ့... "

" ခင်ဗျားခေါ်စရာ မလိုပါဘူးဗျ ... Eric က ကျွန်တော့်ဆိုင်ကယ်နဲ့ပဲ လိုက်မှာ... "

I accidentally became a Villain Prince (Completed) Where stories live. Discover now