Episode 47 (U+Z)

7.9K 741 130
                                    

အပိုင်း ၄၇

နောက်တစ်ရက်၌ပင် ကိုဇဏ်က သတင်းနှင့် ပတ်သတ်သူကို စုံစမ်းကာ ရိပ်မိလာပြီး သူ့ကို ပြောပြနိုင်ခဲ့သည် ။
ထိုသူက လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ ခေါင်းဆောင်၏ စေခိုင်းချက်အရ လုပ်ခဲ့ခြင်း ဖြစ်ကြောင်းပါ သိရှိလာရသည် ။

" အခု နောက်ဆုံး ပရောဂျက်က သူတို့ ဒေသမှာ ကျောက်စိမ်းတူးဖော်လုပ်ကွက် ယူခဲ့တာပဲ... "

ကိုဇဏ်က သူ့ကို အကြောင်းစုံ ပြောပြရင်း ရှင်းပြလာခဲ့သည် ။

" ကိုယ်တို့က သူတို့ ဒေသမှာ လုပ်တာမို့လို့ သူတို့တွေကို အကျိုးအမြတ်ရဲ့ ၅၀ ရာခိုင်နှုန်းပေးပြီး ကိုယ်တို့ ကုမ္ပဏီက ၅၀ ရာခိုင်နှုန်း ယူမယ်ဆိုပြီး ကမ်းလှမ်းခဲ့တယ်... ဒါပေမယ့် ခေါင်းဆောင်ဖြစ်သူက သဘောမတူခဲ့ဘူး... သူတို့က ၆၀ ရာခိုင်နှုန်း ယူပြီး ကိုယ်တို့က ၄၀ ရာခိုင်နှုန်းပဲ ယူဖို့ ပြောလာခဲ့တယ်... ဒါပေမယ့် ကိုယ်တို့ ကုမ္ပဏီရဲ့ လူအင်အား ပစ္စည်းအားနဲ့ဆိုရင် ဒါက လုံးဝ အဆင်မပြေ တဲ့အပြင် ကံမကောင်းလို့ ကျောက်စိမ်းက ထင်သလောက် မရခဲ့ရင် အရှုံးတောင် ပေါ်လိမ့်ဦးမှာ... "

" အဲ့တုန်းက ဦးဇဏ်ကိုယ်တိုင် ခေါင်းဆောင်နဲ့တွေ့ပြီး အသေအချာ ရှင်းပြ ညှိနှိုင်းခဲ့တာပဲလေ... သူတို့ဘက်ကမှ လက်မခံခဲ့တာ... "

Eric က ဝင်ထောက်ရင်း ပြောလာသည် ။
ကိုဇဏ်က စိတ်ရှုပ်နေပုံရနေသော်လည်း သူ့ကိုမူ စိတ်ရှည်လက်ရှည် ရှင်းပြရှာသည် ။

" နောက်တော့ ဘယ်လိုမှ ညှိမရတော့တဲ့အတွက် ကိုယ်က အစိုးရကို တရားဝင် လုပ်ကိုင်ခွင့် စာတင်ပြီး လုပ်ကွက်တောင်းခဲ့တယ်... အစိုးရက အဲ့မြေကို အစိုးရမြေအဖြစ် ပြန်သိမ်းယူပြီး အကျိုးအမြတ်ရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ သဘောတူခဲ့တယ်... ဒါကြောင့် နောက်ဆုံးမှာ ကိုယ်က လက်နက်ကိုင် အဖွဲ့အစည်းဘက်ကို ၂၅ ရာခိုင်နှုန်းပေးပြီး အဲ့ဒေသကနေ ဆုတ်ခွာပေးဖို့ ကမ်းလှမ်းခဲ့တယ်... ပထမ ၅၀ ရာခိုင်နှုန်းတုန်းကတောင် သဘောမတူတာ.... ၂၅ ရာခိုင်နှုန်းနဲ့လည်း သွားဆွေးနွေးကော ဆွေးနွေးတဲ့ အဖွဲ့က အင်ဂျင်နီယာကိုပါ သူတို့ဘက်က အရင်ဆုံးပစ်သတ်ခဲ့တယ်... ကိုယ်တို့ ဆွေးနွေးဖို့ လူ ငါးယောက် လွှတ်လိုက်တာမှာ ၂ ယောက်ကို သတ်ပစ်ပြီး ၃ ယောက်ကို ဓားစာခံအဖြစ် ပြန်ပေးဆွဲခဲ့တယ်... နောက်ဆုံးတော့ ကိုယ်တို့လည်း မတတ်နိုင်ဘဲ အစိုးရရဲ့ အကူအညီနဲ့ အဲ့ဒေသက လက်နက်ကိုင်တွေကို ရှင်းလင်းခဲ့ရတယ်... တိုက်ပွဲအချိန်မှာ သူတို့ ဖမ်းထားတဲ့ ကိုယ်တို့ ကုမ္ပဏီက ဓားစာခံတွေကိုပါ ထပ်ပြီး သတ်ပစ်ခဲ့တယ်... နောက်ဆုံးတော့ သူတို့ အရေးနိမ့်ပြီး အဲ့ဒေသကနေ ဆုတ်ခွာသွားခဲ့ကြတယ်... ဒါပေမယ့် နီးစပ်တဲ့ မြို့ကို ခြေကုပ်ယူထားပြီး ကိုယ်တို့ လုပ်ငန်းတွေကို နှောင့်ယှက်နေတုန်းပဲ... နောက်ဆုံးတော့ မြို့ပေါ်အထိပါ တက်လာပြီး ကိုယ့်ကို စပြီး တိုက်ခိုက်လာပြီ... "

I accidentally became a Villain Prince (Completed) Where stories live. Discover now