Episode 28 (U+Z)

6.7K 675 96
                                    

အပိုင်း ၂၈

မိုးသောက်ကြယ် လက်ထဲက ဖုန်းကိုသာ သူ တုန်လှုပ်စွာ ကြည့်နေမိပြီး သူ့ဘဝ၏ အဆုံးသတ်နေ့ ရောက်ဖို့သာ မျှော်လင့်နေမိတော့သည် ။

သူ ဒီဝတ္ထုထဲတွင် ရှင်သန်ရတာ ပင်ပန်းလှပြီ ။
မိုးသောက်ကြယ်က အမှန်တရားတွေ သိသည်နှင့် သူ့ကို တစ်ခါထဲ လက်စတုံးလိုက်ဖို့သာ သူ မျှော်လင့်နေမိတော့သည် ။

" မင်း ဘာလို့ ငါ့ကို လိမ်ခဲ့ရတာလဲ နေတာရာ... "

မိုးသောက်ကြယ်၏ အသံက နာကျင် အက်ကွဲ ကြမ်းရှနေသည် ။
သူ ချစ်သောသူ တစ်ယောက် ထိုသို့ နာကျင်ခံစားနေရသည်ကို သူ မကြည့်ရက်ပါ ။
ထို့အပြင်လည်း သူ ဆင်ခြေတစ်ခုခု ပေးဖို့ကိုတောင် မစဥ်းစားနိုင်တော့ပါပေ ။

" ကျွန်တော် လောဘကြီးပြီး လိမ်ခဲ့မိပါတယ် ကိုကို... "

နေတာရာ၏ မူရင်း ရည်ရွယ်ချက်ကိုသာ သူ ပြောပြလိုက်တော့သည် ။
ဒါက သူ ရွေးချယ်ခဲ့တဲ့ လုပ်ရပ် မဟုတ်ပေမယ့် ဒီ ခန္ဓာကိုယ်ကြီးထဲ နေနေသ၍တော့ သူ တာဝန်ယူနေရဦးမည်သာ ။

" ငါ အကုန်လုံးကို ပြန်သတိရ မှတ်မိလာပြီ နေတာရာ... "

မိုးသောက်ကြယ်က ပုံတွေကို မြင်သည့်အချိန်မှစ၍ အတိတ်တို့ကို တဖြည်းဖြည်းချင်း မှတ်မိကာ မြင်ယောင်လာပုံ ပေါ်လေသည် ။
သူ တုန်လှုပ်စွာဖြင့် မိုးသောက်ကြယ် ကို ကြည့်လိုက်ကြီး တစ်ချက် ရှိုက်လိုက်ကာ ခေါင်းငုံ့လိုက်မိသည် ။

" မင်းကို ငါ ထပ်မေးမယ်... ဘာလို့ ဒီလို လိမ်လည် ဟန်ဆောင်ခဲ့ရတာလဲ  ... "

" ကျွန်တော် မှားပါတယ် ကိုကို  ... ဒီမိသားစုရဲ့ ချမ်းသာမှုကို လောဘတက်ပြီး ကျွန်တော် ဟန်ဆောင်လိမ်လည်ခဲ့မိပါတယ်... "

မိုးသောက်ကြယ် က သူ့ကို နာကျည်းစွာ ကြည့်ရင်း အံကို တင်းတင်းကြိတ်ထားလေသည် ။

" ဒါဖြင့်ရင် မင်း ငါ့ကို ချစ်တယ်လို့ ပြောခဲ့တဲ့ စကားတွေကကော... အဲ့တာတွေ အကုန်လုံးကလည်း အလိမ်အညာတွေပဲပေါ့... ဟုတ်လား... "

ထိုအရာတွေက အလိမ်အညာတွေ မဟုတ်မှန်း သူ ရှင်းပြလိုက်ချင်သော်လည်း သူ့ပါးစပ်မှ ဘာစကားမှ ပြောမထွက်ပေ ။
သူ ထိုအစား ကြိတ်ငို၍သာ တိတ်ဆိတ်နေမိတော့သည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now