Episode 26 (U+Z)

6.7K 700 31
                                    

အပိုင်း ၂၆

ထက်အာကာကြယ် ဆိုသူသည် STAR Trading Company ပိုင်ရှင် ဦးသုခစံ မိသားစု၏ လူသိနည်းသော ဇာတ်လမ်း တစ်ခု ဖြစ်သည် ။
ထိုဇာတ်လမ်းကို သူ ဝတ္ထု ထဲတွင် ဖတ်ဖူးသောကြောင့်သာ သိနေရခြင်း ဖြစ်သည် ။

ထက်အာကာကြယ်၏ မိခင် ဒေါ်နန်းစော သည် ဦးသုခစံတို့ မိသားစုတွင် အိမ်ဖော်လုပ်ခဲ့သော အမျိုးသမီး ဖြစ်သည် ။
လူငယ်သဘာဝ ချစ်ကြိုက်ကြသော်လည်း အိမ်ဖော်နှင့်သူဌေးသားမို့ ဦးသုခစံ၏ မိဘများက အတင်းအကျပ် ခွဲခဲ့ကြသည် ။

ထို့နောက်တွင် ဂုဏ်ရ​ည်ချင်း တူသော ဒေါ်လင်းသီရိ နှင့် ပေးစားရန် ကြံခဲ့ကြသည် ။
ဒေါ်နန်းစောကိုလည်း ပိုက်ဆံပေးပြီး ရွာသို့ ပြန်ခိုင်းခဲ့သည် ။
ထိုအချိန်တွင် ဒေါ်နန်းစော၌ ထက်အာကာကြယ်၏ ကိုယ်ဝန် ပါသွားမှန်း မည်သူမျှ မသိခဲ့ကြပေ ။

ဒေါ်နန်းစောသည် ရွာ၌ပင် တိတ်ဆိတ်စွာ နေရင်းက ထက်အာကာကြယ်ကို မွေးဖွားကာ ကျွေးမွေးစောင့်ရှောက်ခဲ့သည် ။
ဦးသုခစံ အစပိုင်းက ဒေါ်နန်းစောကို လိုက်ရှာခဲ့သေးသော်လည်း အိမ်ထောင်ကျပြီး ပထမသားဦး မိုးသောက်ကြယ် ကို မွေးပြီးနောက်တွင်တော့ မိသားစု အပေါ်တွင်သာ သစ္စာ ရှိပါတော့မည်ဟု ဆုံးဖြတ်ပြီး ဒေါ်နန်းစောကို ဆက်လက်ရှာဖွေခြင်း မပြုတော့ပေ ။

ထက်အာကာကြယ်က မိုးသောက်ကြယ်ထက် တစ်နှစ် ကြီးသော်လည်း မိုးသောက်ကြယ်ကသာ တရားဝင် မိန်းမက မွေးသော တရားဝင် သားကြီးအဖြစ် အမွေဆက်ခံခွင့် ရခဲ့သည် ။
ထက်အာကာကြယ် အသက် ၁၄နှစ်အထိ သူ့အဖေ ဘယ်သူမှန်း မသိခဲ့ပေ ။

အသက် ၁၄နှစ်အရွယ် အရောက်တွင် ဒေါ်နန်းစောက မနာမကျန်း ဖြစ်လာသောကြောင့် ထက်အာကာကြယ်ကို ဦးသုခစံတို့ မိသားစုသို့ ကိုယ်တိုင် လာပို့ပေးခဲ့သည် ။
သိပ်မကြာမီ၌ပင် ဒေါ်နန်းစောတစ်ယောက် ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည် ။

ထက်အာကာကြယ် ရောက်လာသည်ကို လက်မခံနိုင်သော ဒေါ်လင်းသီရိ က ဦးသုခစံ နှင့် ထက်အာကာကြယ် တို့ကို DNA ပါ တိုင်ဆိုင်ပြီး စစ်ဆေးခဲ့သည် ။
အားလုံး တူညီနေသည် ဆိုသောအခါမှသာ မတတ်သာဘဲ လက်ခံခဲ့ရသည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now