Episode 49 (U+Z)

7.8K 618 140
                                    

အပိုင်း ၄၉

နောက်တစ်ရက်တွင်တော့ သူ ဦးသုခစံတို့ လင်မယားကို ဝါကျွတ် ကန်တော့ဖို့ရန်အတွက် ကိုဇဏ့်ကို ခွင့်တောင်းလိုက်သည် ။
ကိုဇဏ်က အစက သဘောမတူချင်သော်လည်း နောက်ဆုံးတော့ မတတ်သာပုံနှင့် သဘောတူလိုက်ရလေသည် ။

" သွားမယ်ဆိုရင် Eric ကို ပြောပြီး သူနဲ့ တူတူသွားလိုက်လေ...  နေနေ... "

" ဟုတ်ကဲ့ပါ ကိုဇဏ်... စိတ်မပူပါနဲ့... "

ကိုဇဏ်က Eric ကို သူနှင့်လိုက်စေဖို့ကို ကိုယ်တိုင် မပြောဘဲ သူ့မှသာ တစ်ဆင့် ပြောခိုင်းလေသည် ။
ထိုအခြေအနေကို ကြည့်ခြင်းအားဖြင့် ထိုသူနှစ်ယောက်ကြားတွင် အဖုအထစ် တစ်ခုခုများ ရှိလေမလားဟု သူ တွေးမိသော်လည်း ထိုအရာက သူနှင့် မဆိုင်သော ကိစ္စပေမို့ သူ မသိချင်ယောင်သာ ဆောင်ထားလိုက်တော့သည် ။

နောက်တစ်ရက်တွင်တော့ Eric က သူ့ကို မိုးသောက်ကြယ်တို့ အိမ်ကို သွားသည့် ကားပေါ်တွင် နှစ်ယောက်ထဲရှိစဥ် ကားမောင်းနေရင်း စကားဆိုလာလေသည် ။

" ဦးနေ... ဦနေ ဦးဇဏ်ကို တကယ်ချစ်တာလားဟင်... "

ရုတ်တရက် တဲ့တိုးကြီး မေးလာသော မေးခွန်းကြောင့် သူ ဘာပြန်ဖြေရမှန်း မသိဘဲ ကြောင်အသွားရသည် ။
ထို့​ကြောင့် သူ ဘာမှ ပြန်မဖြေဘဲ မေးခွန်းသာ ပြန်ထုတ်လိုက်မိသည် ။

" Eric က ဘာလို့ မေးတာလဲ... "

" ဦးဇဏ်က ကျွန်တော့် ကျေးဇူးရှင်ဆိုလည်း ဟုတ်တယ်... ကျွန်တော့်ရဲ့ တစ်ဦးတည်းသော အားကိုးစရာသူ ဆိုလည်း ဟုတ်တယ်... ဒါကြောင့် ဦးဇဏ် ခံစားရမှာကို မမြင်ရက်လို့ မေးကြည့်တာပါ... ဟို... ဟိုလေ... ဦးနေတို့ နှစ်ယောက်ကြားကို ဝင်ရှုပ်ချင် ဖျက်ချင်လို့ မဟုတ်ပါဘူး.... ဦးနေ သဘောထားကို သိချင်ရုံပါပဲ... "

သူ ဘာမှ ပြန်မဖြေဘဲ စဥ်းစားနေမိသည် ။
သူ တိတ်ဆိတ်သွားသည်ကို မြင်တော့ Eric က အားနာစွာ ဆိုလာလေသည် ။

" ကျွန်တော် ဘောင်ကျော်ပြီး မေးမိသွားတယ် ထင်တယ်... တောင်းပန်ပါတယ် ဦးနေ... ကျွန်တော် မမေးခဲ့ဘူးပဲ သဘောထားလိုက်ပါတော့... "

I accidentally became a Villain Prince (Completed) Where stories live. Discover now