Extra Side Story Episode 1

8.7K 473 90
                                    

အချပ်ပို အပိုင်း ၁

Eric ဆိုသော ကောင်လေးသည် အသက် ၂၀ နှစ်အရွယ် လူငယ်လေးတစ်ယောက်သာ ဖြစ်သော်လည်း အချစ်ရေး မှာတော့ ယောကျ်ားကျမ်း ကျေနေသူ တစ်ယောက် ဖြစ်သည် ။
Eric သည် ရုပ်ကလေး ချောသလောက် ပွေသည် ၊ ရှုပ်သည် ၊ မျက်နှာများတတ်သည် ။
သူ့ ဆွဲဆောင်မှုအောက်တွင် ယောကျ်ားအများစုက ကျရှုံးကြရသည် ။

သူ ပွေရှုပ်မှန်း သိသိလျက်နှင့် သူ့ဘက်က ချဥ်းကပ်လာမှုကို ငြင်းဆိုနိုင်သော ယောကျ်ားသားဟူ၍ မရှိသလောက် ရှားပါးလှသည် ။
ထို့ကြောင့်လည်း Gay လောကတွင် Eric ကို မသိသူ ဟူ၍ ခပ်ရှားရှားပင် ဖြစ်လေသည် ။
သူ့ နာမည်ရင်း ကျော်ဇင်သာ ဟူသော အမည်ပင် ပျောက်သွားခဲ့ပြီး Eric ဟုပင် လူတိုင်းက သိကြလေသည် ။

အသက် ၂၀ အရွယ်တွင် Eric နှင့် တွဲဖူးသော ယောကျ်ားပေါင်းက အယောက် ၂၀ မကတော့ပေ ။
ထို့အပြင် ရည်းစားကို နှစ်ယောက် သုံးယောက် လေးယောက် စသည်ဖြင့် တစ်ပြိုင်တည်း တွဲတတ်သည်လည်း ရှိသေးသည် ။
သူ့တွင် ရည်းစားပြတ်လပ်နေသည့်ကာလဟူ၍ မရှိခဲ့ဖူးပေ ။

Eric အတွက် အချစ်ဆိုသော စကားက အလွန်ရယ်စရာကောင်းသော စကားတစ်ခု ဖြစ်သည် ။
သူ အချစ်ဆိုသော အရာကို လုံးဝ အယုံအကြည် မရှိပေ ။
သူ့မိဘများက သူ့ကို မွေးပြီးသည်နှင့် ကွာရှင်းခဲ့ကြသည် ။

သူ့အဖေက သူ့အမေနှင့် ကွာရှင်းပြီးနောက်တွင် မိန်းမ ၃ယောက် ထပ်ယူထားသေးသည် ။
သူ့အမေက နောက်ယောကျ်ား ထပ်မယူသော်လည်း ကောင်လေးငယ်ငယ်လေးများနှင့် တွဲခုတ်နေဆဲ ဖြစ်သည် ။
မိဘနှစ်ပါးလုံးက Eric ကို ဂရုမစိုက်ချင်ကြ ။

သူ့ငယ်ဘဝတွင် မိဘနှစ်ပါးက သူ့ကို မစောင့်ရှောက်ချင်ကြဘဲ ဟိုဘက်ထိုးပေး ဒီဘက်ထိုးပေးနှင့် ခေါင်းရှောင်ခဲ့ကြသောကြောင့် အဖွားဖြစ်သူ လက်ထဲတွင်ပင် ကြီးပျင်းခဲ့ရသည် ။
မိဘများ၏ အဖြစ်အပျက်ကြောင့် သူ ကလေးတစ်ယောက်ကို လွယ်လွယ်ကူကူ လူ့လောကအတွင်းသို့ ခေါ်ခြင်းသည် အပြစ်တစ်ခုဖြစ်ကြောင်း သိမြင်လာခဲ့ရသည် ။

ထို့ကြောင့်ပင် Eric သည် အချစ်ကို မယုံကြည်ဘဲ ယောကျ်ားတကာ၏ အသည်းကို လွယ်လွယ်ဆွဲဆောင်ပြီး လွယ်လွယ်ခွဲပစ်တတ်သော Playboy လေး တစ်ယောက် ဖြစ်လာခဲ့ရလေသည် ။
ထိုသို့သော ဘဝကို သူ ကျေနပ်သည်လည်း မဟုတ်သလို ငြီးငွေ့ခြင်းလည်း မရှိလှ ။
ဤအရာကို သူ့ဘဝ၏ ပုံမှန် လုပ်ငန်းဆောင်တာ တစ်ခုလိုပင် သဘောထားနေခြင်းမျှသာ ဖြစ်သည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now