Episode 45 (U+Z)

8.2K 800 220
                                    

အပိုင်း ၄၅

မိုးသောက်ကြယ် အိမ်ပြန်ရောက်လာသည်နှင့် အိမ်ရှေ့တွင် ငူငူငိုင်ငိုင်ထိုင်နေသော ဖခင်ဖြစ်သူကို တွေ့လိုက်ရသည် ။
သူ ဖခင်ဖြစ်သူအနားသို့ သွားလိုက်ပြီး စကားပြောလိုက်သည် ။

" အဖေ... ဘာလို့ အိမ်အပြင်မှာ ထိုင်နေရတာလဲ... "

ဦးသုခစံ၏ မျက်လုံးများက ဝမ်းနည်းကာ ညိုမှိုင်းနေပြီး သားဖြစ်သူကို မော့ကြည့်လာသည် ။

" သားမိုးသောက်ကြယ်... "

" အဖေ ဘာဖြစ်လို့လဲ... ဝမ်းနည်းနေတာလား... "

မိုးသောက်ကြယ် ဦးသုခစံ အနား ဝင်ထိုင်ရင်း မေးလိုက်သည် ။
ဦးသုခစံက သက်ပြင်းချရင်း သားဖြစ်သူကို ပြန်ဖြေလာသည် ။

" အဖေ့ကြောင့် သားနဲ့ သားနေတာရာတို့ကိုပါ ထိခိုက်စေခဲ့တဲ့အတွက် အဖေ စိတ်မကောင်းပါဘူးကွယ် ... "

မိုးသောက်ကြယ် က အလျင်အမြန်ပဲ ခေါင်းခါကာ ပြန်ရှင်းပြလိုက်သည် ။

" ကျွန်တော်က ဘာမှ မဖြစ်သွားပါဘူး... ဒီကိစ္စတစ်ခုလုံးမှာ တာတာကသာ ထိခိုက်မှု အကြီးမားဆုံးနဲ့ အနစ်နာဆုံး ဖြစ်သွားခဲ့တာ... "

ဦးသုခစံက ခေါင်းညိတ်ပြီး ပြောလာသည် ။

" အဖေ ခဏနေရင် သားနေတာရာကို သွားကြည့်လိုက်ဦးမယ်... သူ့အခြေအနေရော... ဘယ်လိုနေလဲ... သက်သာတယ်မဟုတ်လား... "

" သက်သာပါတယ် အဖေ ... မစိုးရိမ်ရတော့ပါဘူး... ဒါနဲ့ ထက်အာကာကြယ် ကိစ္စကော အဖေ ဘာတွေလုပ်ပြီးပြီလဲ... "

ထက်အာကာကြယ် အကြောင်းကို ကြားလိုက်တော့ ဦးသုခစံ မျက်နှာပျက်ယွင်းသွားပြီး သက်ပြင်းကိုသာ လေးပင်စွာ ချလိုက်လေသည် ။

" ဆရာဝန်ရဲ့ စစ်ဆေးချက်အရ သူ့မှာ စိတ်ရောဂါ ရှိနေတယ်... ဒါကြောင့် စိတ်ရောဂါကု ဆေးရုံမှာ အရင် ပိတ်လှောင်ခံပြီး ကုသခံရမယ်.... ပြီးတော့မှ သူ့ရဲ့ ပြစ်ဒဏ်အတွက် ထပ်ပြီး ပေးဆပ်ရမယ်... "

ဦးသုခစံက ခဏငြိမ်သက်သွားပြီးမှ သူ့ကိုယ်သူ အပြစ်တင်စကား ဆိုလာလေသည် ။

" အဖေ သူတို့ သားအမိအပေါ်မှာ မတရားခဲ့ဘူး... နန်းစောလည်း အဖေ့ကြောင့်ပဲ သေခဲ့ရတယ်... ထက်အာကာကြယ်လည်း အဖေ့ကြောင့် နောက်ဆုံးတော့ မကောင်းတဲ့လမ်းပေါ်ရောက်ပြီး အဆုံးသတ်ခဲ့ရတယ်... "

I accidentally became a Villain Prince (Completed) Where stories live. Discover now