Episode 50 (U+Z)

6.9K 615 185
                                    

အပိုင်း ၅၀

ခန့်လင်းအောင် တစ်ယောက် အိမ်ပြန်သည့်လမ်းတွင် ဘာကြောင့်မှန်း မသိဘဲ စိတ်က တထင့်ထင့် ဖြစ်နေမိသည် ။
ဘာတွေ ဖြစ်လာမည်မှန်း မသိသော်လည်း သူ စိတ်ထင့်နေပုံအရဆိုလျှင် မကောင်းတာ တစ်ခုခုတော့ ဖြစ်တော့မည် ဆိုသည်က သေချာနေသည် ။
ဒီအချိန်မှတော့ system guide ကိုလည်း သွားမေးမနေချင်တော့ ။
မေးလည်း ဘာမှ မသိမယ့်တူတူ အာညောင်းခံပြီး ဒင်းကို ခေါ်မနေချင်တော့ ။

system guide ထက် စိတ်ချရသော Eric ကိုသာ သူ မေးလိုက်တော့သည် ။

" Eric... အနောက်မှာ သက်တော်စောင့်ကား ပါလာသေးတယ် မလား... "

" ပါတယ်... ဦးနေ ... အဲ... ပါတယ်ဆိုမှ ဘယ်မှာ ပြတ်ကျန်ခဲ့တာတုန်းဟ... "

Eric က တအံ့တသြ ပုံစံနှင့် အနောက်ကို ကြည့်ရင်း ဆိုလာလေသည် ။
ထို့နောက်တွင်မှ သက်တော်စောင့်ကားဆီကို ဖုန်းလှမ်းဆက်လိုက်ပြီး အခြေအနေမေးကာ သူ့ကို ပြန်ပြောလာသည် ။

" မီးပွိုင့်မှာ ကားတစ်စီး သူတို့ရှေ့မှာ ကန့်လန့်ကြီး လာပိတ်နေလို့ မီးပွိုင့်မှာ အချိန်နည်းနည်း ကြန့်ကြာသွားတာတဲ့... အခု လိုက်လာနေပြီတဲ့ ဦးနေ... "

" အင်း... အဲ့တာဆိုလည်း ပြီးတာပါပဲ... "

အနောက်က သက်တော်စောင့်ကားတစ်စီး ထပ်ပါလာသည် ဆိုသည့်တိုင် သူ့စိတ်ထဲတွင် ထင့်နေဆဲ ဖြစ်သည် ။
ဘာကြောင့်မှန်း မပြောတတ်သော်လည်း တစ်ခုခု ဖြစ်တော့မည်ဟု ခံစားနေမိသည် ။

" Eric... ကားကို သေသေချာချာ ဂရုစိုက် မောင်းနော်... "

" ဟာ... ဦးနေကလည်း... ဒီလမ်းက ကျွန်တော် မျက်စိမှိတ်ပြီးမောင်းလို့တောင်ရ... "

Eric စကားပင် မဆုံးလိုက်သေး ။
အရှေ့တွင် အရှိန်ပြင်းစွာဖြင့် ပိတ်ပြီး လာရပ်သော ကားတစ်စီးနှင့် တိုက်မိမလို ဖြစ်သွားလေသည် ။
ခန့်လင်းအောင် ကတော့ သူ စိတ်ထင့်နေတာ မမှားဘူးဟု သိသွားရသည် ။

ကားက ကားအကြီးဖြစ်ပြီး ကားပေါ်မှ လူ ၆ယောက် ဆင်းလာကြလေသည် ။
အကုန်လုံး ကိုယ်စီလက်တွင်လည်း သံတုတ်များ ကိုင်ဆောင်ထားကြသည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now