Episode 24 (U+Z)

7K 743 43
                                    

အပိုင်း ၂၄

သူ ဗီဒိုသယ်သွားသော အလုပ်သမားများ အနောက်က လိုက်သွားပြီး အခန်းသို့ ဝင်ကြည့်ရမလား တွေးမိသော်လည်း ထိုသို့ လုပ်ခြင်းက ပို၍ သံသယ ဝင်စရာ ကောင်းနေလိမ့်မည်ကို သိနေသည် ။
ထို့ကြောင့်ပင် ဗီဒိုသယ်သွားသော လူတစ်စုရှိရာကိုသာ လည်တစ်ဆန့်ဆန့် ကြည့်နေမိသည် ။

သူ့ကို အရိပ်လို လိုက်ကြည့်နေသော ရှိန်းဝေယံက သူ ကြည့်ရာဘက်သို့ လိုက်ကြည့်ရင်း သူ့ကို မေးလာသည် ။

" ဗီဒိုကို သဘောကျလို့လား... ကိုတာရာတို့ အခန်း မှာကော ထားချင်လား... ကျွန်တော် ကိုတာရာ့ကို လက်ဆောင်ပေးမယ်လေ... "

" အင်း... ဗီဒိုက တကယ် ကြီးတာပဲ... အခန်းထဲ ဘယ်လိုထားသလဲဆိုတာ စိတ်ဝင်စားမိလို့... "

ရှိန်းဝေယံက သူ့ကို ပြုံးကာ ကြည့်လာရင်း လက်ကို ဆွဲကိုင်လိုက်သည် ။

" အဲ့တာ ကြည့်ချင်တာများ ကျွန်တော်နဲ့ လိုက်ခဲ့ပေါ့... လာ... "

သူ ရှိန်းဝေယံ ခေါ်ရာသို့ လိုက်လာလိုက်ရင်း ရှိန်းဝေယံတို့ လင်မယားအိပ်ခန်းသို့ ရောက်ရှိသွားလေသည် ။
ဗီဒိုသယ်သော သူများက အနောက်က ဖြည်းဖြည်းချင်း သယ်လာသည်မို့ သူတို့နှစ်ယောက်က ဦးပြီး ရောက်သွားကြသည် ။

အခန်းထဲတွင်တော့ ယခင် ဗီဒိုနေရာက ရှင်းလင်းနေပြီး ဆေးဗူးနှင့် တူသော အရာ တစ်ခုတစ်လေမှပင် မတွေ့ရချေ ။

အာ... သေပါပြီ ။ ဒီဆေးဗူးက ဒီအောက်ကို လိမ့်ကျသွားခဲ့တာ သေချာပါတယ်... ။
အခုတော့ အစအနတောင် မတွေ့တော့ဘူး ။
ဗီဒိုရွှေ့သော အလုပ်သမား တစ်ယောက်ယောက်က အမှိုက်ထင်ပြီး လွှင့်ပစ်လိုက်တာသာ ဖြစ်ပါစေဟု သူ တိတ်တိတ် ဆုတောင်းနေလိုက်မိသည် ။

" အော်... ကိုတာရာပါလား... "

ရုတ်တရက် ဧကရီထိပ်ထား ၏ အသံကြောင့် သူ ရင်များပင် တုန်သွားပြီး လန့်ဖျတ်သွားမိသည် ။
ဧကရီထိပ်ထားက သူတို့လင်မယားခန်းထဲသို့ နေတာရာ ဘာကြောင့် ဝင်လာသလဲဟု အံ့သြနေပုံရလေသည် ။

" အော်... ကိုတာရာက ဗီဒိုကို သဘောကျတယ်ဆိုလို့ အခန်းထဲမှာ ဘယ်လို နေရာချသလဲ လာပြတာ... "

I accidentally became a Villain Prince (Completed) Where stories live. Discover now