Extra Side Story Episode 8

3K 316 41
                                    

အချပ်ပို အပိုင်း ၈

ထိုနေ့က ဦးနေတာရာ ပြန်သွားပြီးသည်နှင့် သူ့အပေါ် ဦးဇဏ် ဆက်ဆံပုံများက လုံးဝ ပြောင်းလဲသွားကာ ခက်ထန်သွားခဲ့လေသည် ။
ထိုနေ့က သူ ချက်ပေးထားသော ထမင်းဟင်းများကို ဦးဇဏ်တစ်ယောက် တစ်ချက်သာ ကြည့်ပြီး မစားခဲ့ချေ ။
ထိုအစား ထမင်းစားပွဲတွင် သူ့အား အေးစက်စက် မေးလာခဲ့သည် ။

" နေနေ့ကို ပြန်ဖို့ ပြောခဲ့တာ မင်းလား Eric... "

" ကျွန်တော် သူ့ကို ဘယ်တုန်းကမှ ပြန်ဖို့ မပြောခဲ့ပါဘူး ဦးဇဏ်... "

ထိုစကားက အမှန်ပင် ဖြစ်သည် ။
ဦးနေတာရာကို အိမ်က ထွက်သွားဖို့ သူ တစ်ခွန်းမှပင် မဟခဲ့ပါ ။
သူ ဦးဇဏ်၏ လက်ရှိကြုံတွေ့နေရသော အခြေအနေနှင့် အခက်အခဲတို့ကိုသာ ပြောပြမိခဲ့ခြင်း ဖြစ်လေသည် ။

" မင်းကိုငါ နေနေ့ကို တရားစွဲမယ့်ကိစ္စတွေ မသိပါစေနဲ့လို့ မှာခဲ့တယ် မဟုတ်ဘူးလား... "

" ဒါပေမယ့် ဦးနေတာရာက အတင်းအကျပ် မေးခဲ့တာလေ... "

တကယ်တမ်းလည်း သူ ထိုနေ့က မပြောပြဘဲထားဖို့ လုပ်ခဲ့ပါသေးသည် ။
သို့သော်လည်း ဦးနေတာရာက အလွန်သိချင်နေသည်မို့ သူ ပြောပြခဲ့ရခြင်း ဖြစ်သည် ။

" မင်းက အဲ့တာကို စကားလုပ်ပြီး ပြောနေသေးတာလား... "

" ဦးဇဏ် သိချင်တယ်ဆိုလို့ ပြောပြတာလေ... "

ဦးဇဏ်၏ မျက်နှာက ပိုမိုတင်းမာလာကာ သူ့ကို မျက်မှောင်ကျုံ့၍ ကြည့်ပြီး မေးလာလေသည် ။

" အဲ့တာ မင်း အကြံစည်တွေပဲ မဟုတ်လား... "

" ဦးဇဏ်.... ကျွန်တော်က... "

သူ ရုတ်တရက် အစွပ်စွဲခံ အမေးခံလိုက်ရသော မေးခွန်းကြောင့် ဆွံ့အသွားကာ ဘာပြန်ပြောရမည်မှန်းပင် မသိ ဖြစ်ခဲ့ရသည် ။
ဦးဇဏ်က သူ ဆွံ့အနေပုံကို ကြည့်ပြီး သူ့ကို ပို၍ ဖိနင်း ပြောလာလေသည် ။

" မင်းက နေနေ့ကို အမြဲ မနာလို ဖြစ်နေခဲ့တာ မဟုတ်လား... "

" နေစမ်းပါဦး... ကျွန်တော်က ဦးနေတာရာကို ဘာလို့ မနာလို ဖြစ်ရမှာလဲ ဦးဇဏ်ရဲ့... "

I accidentally became a Villain Prince (Completed) Where stories live. Discover now