Extra Side Story Episode 12

4.3K 391 79
                                    

အချပ်ပို အပိုင်း ၁၂

" လွတ်လပ်ပြီဟေ့... လွတ်လပ်ပြီ... "

Eric အကျယ်ကြီး အော်ပစ်လိုက်သောကြောင့် လမ်းသွားလမ်းလာများပင် သူ့ကို တအံ့တသြ ကြည့်လာကြသည် ။
သူ ဦးဇဏ်ဆီက ထွက်လာကတည်းက သူ့ ကဒ်ကိုပါ အပါယူလာခဲ့သည် ။
ထိုကဒ်ထဲတွင် ဦးဇဏ်ထည့်ပေးထားသော သူ့လစာငွေတွေ အမြောက်အများ ရှိသည် ။

သုံးစမ်းပါလေ့ ဖြုန်းစမ်းပါလေ့ ။
ဒီ System ထဲတွင် ငွေဖြုန်းရတာ တော်တော် ပျော်စရာကောင်းသည်ဟု Eric ထင်မိသည် ။
အပျော်အပါး ပွဲလမ်းသဘင်တွေက ပေါမှပေါပင် ။
ဘားတွေ ကလပ်တွေကလည်း ပေါချင်းသောချင်း ။

Eric ဟိုတယ် တစ်ခုတွင် နေလိုက်ပြီး နေ့တိုင်း ဘားသွား ကလပ်တပ် လုပ်တော့သည် ။
အဝတ်အစားတွေဆိုလည်း ကောင်းပေ့ဆိုတာတွေကို ရွေးဝယ်သည် ။
အစားအသောက်ဆိုလည်း အကောင်းဆုံး ဆိုတာတွေကို ရွေးစားသည် ။

သူ့ဘဝကြီးက သာယာလိုက်သည့်ဖြစ်ချင်း ။
ဘယ် နွားကြီးအတွက်မှလည်း ထမင်းဟင်း ချက်ပေးစရာ မလိုတော့ ။
ကားမောင်းပေးစရာလည်း မလိုသလို ကုမ္ပဏီကိစ္စ ဆိုတာမျိုးတွေလည်း ခေါင်းထဲ ထည့်နေစရာ မလိုတော့ ။

ဒီလိုဆိုတော့လည်း ထိုအိမ်ထဲတွင် တငိုငို တရယ်ရယ်နှင့် ဦးဇဏ်အနား ကပ်နေခဲ့မိသော သူ့ အရင်က အချိန်များကိုပင် Eric သမျောမိသွားသည် ။
အဲ့လိုမှန်းသိရင် အစထဲက ထွက်သွားလိုက်ပါတယ် ။
အခုတော့ အရင်က ခံစားရခဲ့သမျှကို အတိုးချပြီး နှစ်ဆ ကဲရတာပေါ့ ။

Eric ဘားထဲရောက်လျှင် ယောကျ်ားမိန်းမတိုင်းက သူ့ကို ငေးကြည့်ကြသည် ။
သူ မျက်စိတစ်ဖက် မှိတ်ပြလိုက်လျှင် ဘယ်ယောကျ်ားမှ သူ့အနောက် မပါလာဘဲ မနေနိုင် ။
အားလုံးက Eric မှ Eric ဖြစ်နေကြသည် ။
ယခုမှ ယခင်ဘဝက Eric ၏ အစွမ်းအစတွေကို သူ့မှာ ထုတ်ပြခွင့် ရတော့သည် ။

သို့သော် ဝမ်းနည်းစရာ ကောင်းသည်က သူ့တွင် လိင်ဆက်ဆံချင်စိတ် ကုန်ခမ်းနေလေသည် ။
နောက်ဆုံးအကြိမ်ဖြစ်ခဲ့သော ဦးဇဏ်နှင့် ဆက်ဆံခြင်းသည် သူ့အတွက်တော့ နာကျင်မှုနှင့် အိပ်မက်ဆိုးတို့ကိုသာ ယူဆောင်ပေးခဲ့သည် ။
ထို့ကြောင့် Eric လိင်ဆက်ဆံရမည်ကို ကြောက်ရွံ့သွားခဲ့ရသည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now