Episode 11 (U+Z)

8.5K 883 25
                                    

အပိုင်း ၁၁

ယခုတော့ သူ့တွင် လုပ်စရာ တစ်ခုသာ ရှိတော့သည် ။
ယင်းက သခင်မကြီး စိတ်ကျေနပ်စေရန် ခြေသလုံးဖက် တောင်းပန်ဖို့သာ ဖြစ်သည် ။

ဝတ္ထုထဲတွင် နောက်ဆုံးခန်း ရောက်ခါနီးမှ ပေါ်လာသည့် အမှန်တရားများက သူ ရောက်လာတာ တစ်ရက်ပင် မပြည့်သေးဘဲ အကုန်ပေါ်လာသည်တဲ့လား ။
သောက်ကျိုးနည်း စွမ်းဆောင်ရည်ကြီးပါလား ။

ကျော်စိုးမိုးက မတ်တပ်ရပ်လိုက်ပြီး ဒေါ်လင်းသီရိ ကို နှုတ်ဆက်လိုက်သည် ။
" ဆရာကတော် မင်္ဂလာပါ... "

အာ... ။ ဒါဖြင့်ရင် ကျော်စိုးမိုး ဆိုသူက အစထဲက သစ္စာ မဖောက်ခဲ့ဘူးပဲ ။
သူ့သခင်တွေ အပေါ်မှာ သစ္စာ ရှိပြီး နေတာရာနဲ့ ပူးပေါင်းချင်ယောင် ဆောင်ခဲ့တာပေါ့ ။

ဒီတစ်ခါတော့ နေတာရာဆိုတဲ့ကောင် ဒူသွားပြီ ။
ဝတ္ထု ဆုံးတဲ့အထိ နေတာရာတစ်ယောက် ကျော်စိုးမိုးက သူ့ဘက်ကဟု ယုံသွားခဲ့ပုံရသည်။

ပုံမှန်ဆို ဝတ္ထုထဲတွင် ဗီလိန်ကောင် ခံရပြီ ဆိုသည်နှင့် ပျော်နေတတ်သော ခန့်လင်းအောင် ခမျာ သူကိုယ်တိုင်က ဗီလိန် ဖြစ်နေလေတော့ မပျော်နိုင်ရှာပေ ။
တစ်ရက်တောင် မပြည့်သေးဘဲ အရေခွံ အစုတ်ခံရတော့မှာတဲ့လား ။
သောက်အဓိပ္ပါယ် မရှိလိုက်တာ ။

" ကျွန်... ကျွန်တော်... "
သူ အထစ်ထစ် အ အအ ပြောရင်း မတ်တပ် ထရပ်လိုက်သည် ။
ဒေါ်လင်းသီရိက သူ့ကို အေးစက်စွာ ကြည့်နေဆဲ ဖြစ်သည် ။

" ကျွန်တော် တောင်းပန်ပါတယ် အန်တီ ... ဒီတစ်ခါတော့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ... "

ဒေါ်လင်းသီရိက သူ့အရှေ့က ခုံတွင် ဝင်ထိုင်လိုက်သည် ။
ကျော်စိုးမိုးက ဘေးတွင် မတ်တပ်ရပ်ပြီး သူ့ ဆရာကတော် ခိုင်းသမျှကို လုပ်ပေးမည့်ပုံ ပေါ်နေသည် ။

ဒေါ်လင်းသီရိက သူ့ကို အထင်သေးစွာ တစ်ချက် ကြည့်လိုက်ပြီးမှ ဖြည်းဖြည်းချင်း စကား စလာလေသည် ။

" မင်း... ငါ့သားအနားက ထွက်သွားပေး... "

အမှန်ပြောရလျှင် သူလည်း ဒီ system ထဲတွင် နေချင်စိတ် တစ်စက်တစ်လေမှ မရှိပါ ။
ဖြစ်နိုင်လျှင် ယခု ချက်ချင်းပင် ထွက်သွားလိုက်ချင်သည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now