Extra Side Story Episode 2

4.8K 405 43
                                    

အချပ်ပို အပိုင်း ၂

ဦးဇဏ်က သူဌေးတစ်ယောက်ဖြစ်သော်လည်း မိသားစု မရှိဘဲ တစ်ယောက်ထဲသာ နေသောသူ ဖြစ်သည် ။
ထို့ကြောင့် သူသည် ဦးဇဏ်အိမ်တွင် အတူတူ နေခွင့်ရသော ပထမဦးဆုံးသူ တစ်ယောက် ဖြစ်လာပေလိမ့်မည် ။

သူ ကြိုက်သော အညိုဆင်ဘဲကြီးနှင့် တစ်အိမ်ထဲ အတူတူ နေရခြင်းသည် သူ့ ဟော်မုန်းများကို ထကြွစေသည်မှာ မလွဲဧကန်ပင် ။
ဦးဇဏ်မင်းမောင် ကိုယ်တိုင်လည်း သူ့လို ခံစားနေရမည်မှာ သေချာသလောက် ရှိသည် ။
ဒီလို ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ ၁၉ နှစ်သားလေးနဲ့ တစ်အိမ်ထဲ နေရတယ်လို့ တွေးမိတာနဲ့ အဲ့ဘဲကြီး ကျိန်းသေပေါက် မာလာမှာပဲ ။

သူ့အတွေးနှင့်သူ ကျေနပ်သွားမိပြီး ဦးဇဏ်အနောက်မှ လိုက်ကာ အိမ်ထဲသို့ အတူတူ ဝင်လိုက်လာလိုက်လေသည် ။

" ဒါက မင်းနေရမယ့် အခန်းပဲ... Eric "

ဦးဇဏ်က အိမ်ကိုရောက်သည်နှင့် သူ နေရမည့် အခန်းကို လိုက်ပို့ပေးသည် ။

" ဦးဇဏ်နဲ့ တစ်ခန်းထဲ နေရမှာ မဟုတ်ဘူးလား... "

သူ့အခန်းက အသုံးအဆောင်များ အားလုံးက အသစ်တွေ ဖြစ်နေသောကြောင့် သူ အံ့သြစွာ မေးလိုက်မိသည် ။

" မဟုတ်ဘူးလေ... ဦးဇဏ်အခန်းက ဘေးအခန်းမှာ Eric ရဲ့... "

" ဟင်... "

Eric တစ်ယောက် စိတ်တွေ လေသွားရသည် ။
သူက ဦးဇဏ်နှင့် အတူတူ နေရမှာ ဆိုသည်ကို တစ်ခန်းထဲ အတူ နေရမည်ဟု တွေးမိခဲ့သည် ။
သူ့မှာတော့ ဦးဇဏ်ကြီး သူ့ကို ညဘက်အတူတူ အိပ်ရင်း စိတ်မထိန်းနိုင်ဘဲ တောင်းဆိုလာလျှင်တောင် အသင့်ပေးဖို့အထိ စဥ်းစားထားပြီးသား ဖြစ်နေပြီးဟာကို ။
အခုလို တစ်ခန်းစီ နေရမည် ဆိုတော့ သူ နည််းနည်းတော့ ကြေကွဲသွားရသည် ။

" ဒါက ရေချိုးခန်းပဲ... ပင်ပန်းလာတယ် မဟုတ်လား ရေသွားချိုးတော့... ပြီးရင်နားလိုက်ဦး Eric...  "

သူ မျက်လုံးပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ရေချိုးခန်းထဲ ဝင်လိုက်ကာ ဦးဇဏ်များ လိုက်လာမလားဟု မျှော်ကြည့်လိုက်သေးသည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now