Extra Side Story Episode 6

3.1K 294 20
                                    

အချပ်ပို အပိုင်း ၆

နောက်တစ်ရက် ရောက်သည်အထိ ဦးဇဏ်၏ အဖျားက ကျမသွားခဲ့ပေ ။
Eric တစ်ယောက် တစ်ညလုံး မအိပ်မနေ ရေပတ် တိုက်ပေး ဆေးတိုက်ပေးခဲ့သော်လည်း အဖျားက ရှိနေဆဲပင် ဖြစ်သည် ။

" ဦးဇဏ်... နေလို့ အဆင်ပြေရဲ့လား... "

သူ ဦးဇဏ်ကို ရေပတ်တင်ပေးရင်း စကားမေးဖော်ရအောင် ပြန်မေးကြည့်မိသည် ။
ဦးဇဏ်က သူ မေးနေသည်ကိုပင် သိပ်ပြီး ဂရုစိုက်နိုင်ပုံ မပေါ်ပေ ။
အဖျားအရှိန်ကြောင့် သတိက ရတစ်ချက် မရတစ်ချက် ဖြစ်နေလေသည် ။

နောက်ဆုံးတော့ မနက်၌ ဆရာဝန်ကိုပါ ထပ်ခေါ်လိုက်ရပြီး ဆရာဝန်က ဆေးတစ်လုံး ထပ်၍ လာထိုးပေးသွားလေသည် ။

ဆေးထိုးပြီးသွားသည်အထိ ဦးဇဏ်က သတိသေသေချာချာ မရသေးဘဲ ပါးစပ်ကလည်း နေနေဆိုသူကိုသာ တမ်းတအော်မြည်နေလေတော့သည် ။

" နေနေ.. နေနေ... ကိုဇဏ် နေနေ့ကို တွေ့ချင်တယ်... "

သူ နေတာရာဆိုသူကို ဘယ်လို ခေါ်ပေးရမှန်း မသိသောကြောင့် ဦးဇဏ်၏ လက်ကို ကိုင်ကာ နှစ်သိမ့်လိုက်သည် ။

" ဦးဇဏ်... ဦးဇဏ်... အဆင်ပြေရဲ့လား... "

" Eric လား... "

ဦးဇဏ်က ခြောက်ကပ်အက်ကွဲနေသော အသံဖြင့် ပြန်လည်မေးလာခဲ့သည် ။

" ဟုတ်ပါတယ် ဦးဇဏ် ... ကျွန်တော် Eric ပါ... ကျွန်တော် ဘေးနားမှာ ရှိတယ်လေ... "

" မင်းရှိတာ ဘာလုပ်ရမှာလဲ... မလိုချင်ဘူး... နေနေ... နေနေ့ကို ခေါ်ပေးစမ်းပါ Eric ရာ... ငါ နေနေ့ကိုပဲ တွေ့ချင်တယ်... "

ဦးဇဏ်၏ စကားက ဂယောင်ဂတမ်း ပြောနေခြင်း ဆိုသော်လည်း သူ့ရင်ကို နာကျင်စွာ ထိုးနှက်သွားလေသည် ။
ထိုလူကြီးသည် ဤမျှ နေမကောင်းဖြစ်နေချိန်တွင်တောင် နေတာရာဆိုသူကိုသာ စိတ်ထဲရှိပုံရလေသည် ။

သူ နောက်ဆုံးတွင်တော့ ဦးဇဏ် သဘောကို လိုက်ပြီး နေတာရာဆိုသူကို ဖုန်းခေါ်ပေးလိုက်လေတော့သည် ။
နံပါတ်က ဦးဇဏ်ဖုန်းထဲက ယူလိုက်ပြီး သူ့ဖုန်းနှင့် ခေါ်လိုက်သည် ။
ဖုန်းဝင်သွားပြီး ခဏအကြာ၌ တစ်ဖက်က ဖုန်းကိုင်လာလေသည် ။

I accidentally became a Villain Prince (Completed) Where stories live. Discover now