Episode 22 (U+Z)

7K 725 83
                                    

အပိုင်း ၂၂

ကြာသပတေးနေ့ ညသည် လျင်မြန်စွာပင် ရောက်လာခဲ့ပြီး သူ စိတ်ပူရသည့် ညစာ စားပွဲအချိန်လည် ရောက်လာခဲ့လေသည် ။

' Guide ကောင်ရေ... ပြောစမ်းပါဦး... ငါ အဆင်​ပြေပါ့မလား... '

' အဲ့တာ မင်းလုပ်ရပ်အပေါ်ပဲ မူတည်တယ်လေ human ရဲ့... '

' ငါ့ကို ဇဏ်မင်းမောင်က တွေ့ရင် တစ်ခါထဲများ သတ်ချင်မလား မသိဘူးနော်.... '

' မင်း စိတ်ရင်းကို ပြလိုက်ပါလား... သူ့ဆီက ဂရုစိုက်မှုကို လိုချင်ရင်... '

' ငါ့စိတ်ရင်းကတော့ ဒီည ညစာ စားပွဲကို မသွားချင်ဘူး... ငလူးတဲ့မှ... ငါ မတော်လို့များ သေသွားခဲ့ရင် system သခင်ကို rebirth ပြန်လုပ်ခိုင်းပေးပါနော်... '

သူ system guide ကောင်ကို သနားစဖွယ်တောင်းဆိုလိုက်သည် ။

' ဒါက system ဇာတ်လမ်း... rebirth ဇာတ်လမ်း မဟုတ်ဘူး... အဲ့တော့ ငါလည်း ကူညီပေးနိုင်မှာ မဟုတ်ဘူး ဟူးမန်း... '

' သောက်ဂိုက်ကောင်... ဘာမှ အားမကိုးရပဲနဲ့များ ငါ့ဂိုက် လာလုပ်ချင်သေးတယ်... ငါ ဒီ system က ထွက်တဲ့အခါကျရင် မင်းကို 1 star rating ပဲ ပေးပစ်မယ်... '

' မင်းပဲ ဒီ system ထဲကနေ မသေမပျောက် ထွက်သွားနိုင်အောင် ကြိုးစားစမ်းပါဦး... '

သူနှင့် guide ကောင်တို့ အပြန်အလှန် ဆဲဆိုနေကြပြီးချိန်တွင်တော့ မိုးသောက်ကြယ် မောင်းနေသော ကားလေးက ဟိုတယ်အတွင်းသို့ ရောက်လာခဲ့လေပြီ ။
သူ system guide ကောင်နှင့် အားမှ ရန်ထပ်သတ်တော့မည်ဟု တေးမှတ်ထားလိုက်တော့သည် ။

" တာတာ... ရောက်ပြီ... "

မိုးသောက်ကြယ်က ယောကျ်ားကောင်း ပီသစွာ သူ့ဘက် တံခါးကို ဖွင့်ပေးပြီး သူ့ကို ကားပေါ်မှ ဆင်းစေသည် ။
သူက မိုးသောက်ကြယ် လက်ကို ကိုင်လိုက်ပြီး ကားပေါ်မှ ညင်သာစွာ ဆင်းလာလိုက်သည် ။

သူတို့နှစ်ယောက်စလုံးက ချောမောပြီး လိုက်ဖက်ညီနေသောကြောင့် ဟိုတယ်ဝန်ထမ်းများကပင် သူတို့ နှစ်ယောက်ကို ကြည့်ကာ ကြည်နူးပြီး သဘောကျနေကြလေသည် ။

" ကိုယ့်တာတာလေးက ချောလွန်းတဲ့ လူတိုင်း မျက်လုံးတောင် မလွှတ်နိုင်အောင် ကြည့်နေကြတာပဲ... "

I accidentally became a Villain Prince (Completed) Where stories live. Discover now